1-2. ထိုအခါကာလ၌ဗတ္တိဇံဆရာယောဟန် သည် ``နောင်တရကြလော့။ ကောင်းကင်နိုင်ငံ တော်တည်လုနီးပြီ'' ဟုယုဒတောကန္တာရ၌ ဟောပြောလျက်ပေါ်ထွန်းလာ၏။-
3. ပရောဖက်ဟေရှာယက၊`` `ကိုယ်တော်ရှင်ကြွတော်မူရာလမ်းကို အသင့်ပြင်ဆင်ကြလော့။ထိုအရှင်၏လမ်းကိုဖြောင့်တန်းအောင် ပြုကြလော့' ဟုတောကန္တာရ၌လူတစ်ယောက်ကြွေးကြော်လျက်နေ၏''ဟူ၍ဖော်ပြရာ၌ယောဟန်ကိုပင်ဆိုလိုသတည်း။
4. ယောဟန်သည်ကုလားအုတ်မွေးအဝတ်ကြမ်းကို ဝတ်၍ သားရေခါးပန်းကြိုးကိုစည်းထား၏။ သူ ၏အစားအစာမှာကျိုင်းကောင်နှင့်ပျားရည်ဖြစ်၏။-
5. ယေရုရှလင်မြို့သူမြို့သားတို့သည်လည်းကောင်း၊ ယုဒပြည်တစ်ပြည်လုံးနှင့်ယော်ဒန်မြစ်ဝှမ်းဒေသ မှလူအပေါင်းတို့သည်လည်းကောင်းယောဟန်ထံ သို့လာကြ၏။-
6. သူတို့သည်မိမိတို့၏အပြစ်များကိုဖော်ပြ ဝန်ခံကြသဖြင့် ယောဟန်သည်ယော်ဒန်မြစ် တွင်သူတို့အားဗတ္တိဇံမင်္ဂလာကိုပေး၏။
7. ဖာရိရှဲနှင့်ဇဒ္ဒုကဲအမြောက်အမြားပင်ဗတ္တိဇံ မင်္ဂလာခံယူရန်လာကြသည်ကိုမြင်လျှင် ယောဟန် က ``အချင်းမြွေဆိုးတို့၊ သက်ရောက်လတ္တံ့သောဘုရား သခင်၏အမျက်တော်မှလွတ်မြောက်နိုင်သည်ဟု သင်တို့အားအဘယ်သူပြောသနည်း။-
8. အကယ်ပင်နောင်တရကြောင်းကိုသင်တို့၏ အကျင့်အားဖြင့်ပြကြလော့။-
9. အာဗြဟံသည်ငါတို့၏အဖဖြစ်သည်ဟူ၍ ပြောဆိုရုံမျှဖြင့် သင်တို့သည်အပြစ်မှလွတ်ငြိမ်း ခွင့်ကိုရရှိလိမ့်မည်ဟုမထင်ကြနှင့်။ ဘုရားသခင် သည်ဤကျောက်ခဲများမှ အာဗြဟံ၏သားများ ကိုဖန်ဆင်းတော်မူနိုင်သည်ဟုသင်တို့အား ငါဆို၏။-