မဿဲ 3:1-2-4 Common Language Bible (BCL)

1-2. ထို​အ​ခါ​ကာ​လ​၌​ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန် သည် ``နောင်​တ​ရ​ကြ​လော့။ ကောင်း​ကင်​နိုင်​ငံ တော်​တည်​လု​နီး​ပြီ'' ဟု​ယု​ဒ​တော​ကန္တာ​ရ​၌ ဟော​ပြော​လျက်​ပေါ်​ထွန်း​လာ​၏။-

3. ပ​ရော​ဖက်​ဟေ​ရှာ​ယ​က၊`` `ကိုယ်​တော်​ရှင်​ကြွ​တော်​မူ​ရာ​လမ်း​ကို အ​သင့်​ပြင်​ဆင်​ကြ​လော့။ထို​အ​ရှင်​၏​လမ်း​ကို​ဖြောင့်​တန်း​အောင် ပြု​ကြ​လော့' ဟုတော​ကန္တာ​ရ​၌​လူ​တစ်​ယောက်​ကြွေး​ကြော်​လျက်​နေ​၏''ဟူ​၍​ဖော်​ပြ​ရာ​၌​ယော​ဟန်​ကို​ပင်​ဆို​လို​သ​တည်း။

4. ယော​ဟန်​သည်​ကု​လား​အုတ်​မွေး​အ​ဝတ်​ကြမ်း​ကို ဝတ်​၍ သား​ရေ​ခါး​ပန်း​ကြိုး​ကို​စည်း​ထား​၏။ သူ ၏​အ​စား​အ​စာ​မှာ​ကျိုင်း​ကောင်​နှင့်​ပျား​ရည်​ဖြစ်​၏။-

မဿဲ 3