61. သင်္ချိုင်းရှေ့တွင်မာဂဒလမြို့သူမာရိနှင့်အခြား မာရိတို့သည်ထိုင်လျက်ရှိနေကြ၏။
62. သောကြာနေ့ကုန်လွန်၍ဥပုသ်နေ့ရောက်သော် ယဇ်ပုရောဟိတ်ကြီးများနှင့်ဖာရိရှဲများသည် ပိလတ်မင်းထံသို့သွားပြီးလျှင်၊-
63. ``အရှင်၊ ထိုလူလိမ်အသက်ရှင်စဉ်အခါက၊ `ငါ သည်သုံးရက်ကြာသော်သေခြင်းမှထမြောက်မည်' ဟုပြောဆိုခဲ့သည်ကိုအကျွန်ုပ်တို့မှတ်မိပါ၏။-
64. သို့ဖြစ်၍သုံးရက်မြောက်သောနေ့အထိသင်္ချိုင်းဂူ ကိုလုံခြုံစွာပိတ်၍စောင့်ကြပ်စေရန်အမိန့်ပေး တော်မူပါ။ သို့မဟုတ်ပါမူသူ၏တပည့်များသည် လာ၍ရုပ်အလောင်းကိုခိုးယူကာသူသည်သေခြင်း မှထမြောက်လေပြီဟုလူတို့အားပြောကြလိမ့်မည်။ ထိုအခါနောက်ဆုံးလှည့်စားချက်သည်ပထမ လှည့်စားချက်ထက်ပို၍ဆိုးပါလိမ့်မည်'' ဟု လျှောက်ထားကြ၏။
65. ပိလတ်မင်းက ``အစောင့်တပ်တစ်တပ်ကိုခေါ်၍ သင်္ချိုင်းဂူကိုအတတ်နိုင်ဆုံးစောင့်ကြပ်စေလော့'' ဟုဆို၏။