မဿဲ 27:54-58 Common Language Bible (BCL)

54. တပ်​မှူး​နှင့်​တ​ကွ​သ​ခင်​ယေ​ရှု​ကို​စောင့်​ကြည့် နေ​ကြ​သော​စစ်​သား​များ​သည်​မြေ​င​လျင်​လှုပ် သည်​ကို​လည်း​ကောင်း၊ အ​ခြား​အ​ဖြစ်​အ​ပျက်​များ ကို​လည်း​ကောင်း​တွေ့​မြင်​ကြ​သော​အ​ခါ​လွန်​စွာ ကြောက်​လန့်​ကြ​၍ ``ဤ​သူ​ကား​အ​ကယ်​ပင်​ဘုရား သ​ခင်​၏​သား​တော်​ဖြစ်​၏'' ဟု​ဆို​ကြ​၏။

55. ထို​အ​ရပ်​တွင်​အ​ဝေး​က​ရပ်​လျက်​ကြည့်​နေ​သော အ​မျိုး​သ​မီး​များ​ရှိ​၏။ သူ​တို့​သည်​ကား​ဂါ​လိ​လဲ ပြည်​မှ​သ​ခင်​ယေ​ရှု​၏​နောက်​တော်​သို့​လိုက်​၍​လုပ် ကျွေး​သ​မှု​ပြု​ကြ​သူ​များ​တည်း။-

56. ထို​သူ​တို့​အ​ထဲ​တွင်​မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ၊ ယာ​ကုပ်​နှင့်​ယော​သပ်​တို့​၏​အ​မိ​ဖြစ်​သူ​မာ​ရိ နှင့်​ဇေ​ဗေ​ဒဲ​၏​သား​များ​၏​အ​မိ​တို့​ပါ​ကြ​၏။

57. ည​ချမ်း​အ​ချိန်​ကျ​သော​အ​ခါ​အ​ရိ​မ​ဿဲ​မြို့​မှ ယော​သပ်​ဆို​သူ​သူ​ဌေး​တစ်​ယောက်​ရောက်​ရှိ​လာ​၏။ သူ​သည်​သ​ခင်​ယေ​ရှု​၏​တ​ပည့်​တော်​တစ်​ဦး​ဖြစ်​၏။-

58. သူ​သည်​ပိ​လတ်​မင်း​ထံ​သို့​ဝင်​ပြီး​လျှင်​သ​ခင် ယေ​ရှု​၏​အ​လောင်း​တော်​ကို​တောင်း​၏။ ပိ​လတ်​မင်း သည်​အ​လောင်း​တော်​ကို​ယော​သပ်​အား​ပေး​ရန် အ​မိန့်​ချ​မှတ်​လိုက်​၏။-

မဿဲ 27