52. သင်္ချိုင်းဂူများပွင့်လစ်သဖြင့်သေလွန်ပြီးသူ ဘုရားသခင်၏လူစုတော်ဝင်အမြောက် အမြားပင်ရှင်ပြန်ထမြောက်ကြကုန်၏။-
53. သခင်ယေရှုရှင်ပြန်ထမြောက်တော်မူပြီးနောက် ထိုသူတို့သည်သင်္ချိုင်းထဲမှထွက်လာကာ သန့်ရှင်း သောမြို့တော်သို့ဝင်သွားကြသဖြင့်လူအများ ပင်သူတို့ကိုတွေ့မြင်ကြ၏။
54. တပ်မှူးနှင့်တကွသခင်ယေရှုကိုစောင့်ကြည့် နေကြသောစစ်သားများသည်မြေငလျင်လှုပ် သည်ကိုလည်းကောင်း၊ အခြားအဖြစ်အပျက်များ ကိုလည်းကောင်းတွေ့မြင်ကြသောအခါလွန်စွာ ကြောက်လန့်ကြ၍ ``ဤသူကားအကယ်ပင်ဘုရား သခင်၏သားတော်ဖြစ်၏'' ဟုဆိုကြ၏။
55. ထိုအရပ်တွင်အဝေးကရပ်လျက်ကြည့်နေသော အမျိုးသမီးများရှိ၏။ သူတို့သည်ကားဂါလိလဲ ပြည်မှသခင်ယေရှု၏နောက်တော်သို့လိုက်၍လုပ် ကျွေးသမှုပြုကြသူများတည်း။-
56. ထိုသူတို့အထဲတွင်မာဂဒလမြို့သူမာရိ၊ ယာကုပ်နှင့်ယောသပ်တို့၏အမိဖြစ်သူမာရိ နှင့်ဇေဗေဒဲ၏သားများ၏အမိတို့ပါကြ၏။
57. ညချမ်းအချိန်ကျသောအခါအရိမဿဲမြို့မှ ယောသပ်ဆိုသူသူဌေးတစ်ယောက်ရောက်ရှိလာ၏။ သူသည်သခင်ယေရှု၏တပည့်တော်တစ်ဦးဖြစ်၏။-
58. သူသည်ပိလတ်မင်းထံသို့ဝင်ပြီးလျှင်သခင် ယေရှု၏အလောင်းတော်ကိုတောင်း၏။ ပိလတ်မင်း သည်အလောင်းတော်ကိုယောသပ်အားပေးရန် အမိန့်ချမှတ်လိုက်၏။-
59. ယောသပ်သည်အလောင်းတော်ကိုယူ၍ဖြူစင်သော ပိတ်ဖြင့်ပတ်၏။-
60. ထိုနောက်ကျောက်ဆောင်၌မကြာမီကထွင်းထားသည့် မိမိသင်္ချိုင်းဂူတွင်သင်္ဂြိုဟ်ကာ ဂူဝကိုကျောက်တုံးတစ်ခု လှိမ့်၍ပိတ်ထားလိုက်ပြီးနောက်ပြန်သွားလေသည်။-
61. သင်္ချိုင်းရှေ့တွင်မာဂဒလမြို့သူမာရိနှင့်အခြား မာရိတို့သည်ထိုင်လျက်ရှိနေကြ၏။