မဿဲ 27:34-43 Common Language Bible (BCL)

34. သူ​တို့​သည်​ဆေး​ခါး​နှင့်​ရော​စပ်​ထား​သော​စ​ပျစ် ရည်​ကို​ကိုယ်​တော်​အား​တိုက်​ကြ​၏။ ကိုယ်​တော်​သည် မြည်း​စမ်း​ကြည့်​တော်​မူ​ပြီး​လျှင်​မ​သောက်​ဘဲ​နေ တော်​မူ​၏။

35. ထို​နောက်​သူ​တို့​သည်​ကိုယ်​တော်​ကို​လက်​ဝါး​ကပ် တိုင်​တွင်​တင်​၍​သတ်​ကြ​၏။ အ​ဝတ်​တော်​များ​ကို မဲ​ချ​၍​ခွဲ​ဝေ​ကြ​၏။-

36. ထို​နောက်​ထိုင်​၍​ကိုယ်​တော်​ကို​စောင့်​ကြည့်​နေ​ကြ​၏။-

37. ကိုယ်​တော်​အား​စွဲ​ချက်​တင်​သည့်​အ​ပြစ်​ကို​ဦး​ခေါင်း တော်​အ​ထက်​တွင် ``ဤ​သူ​ကား​ယု​ဒ​ရှင်​ဘု​ရင်​ဖြစ်​၏'' ဟူ​၍​ကမ္ပည်း​ရေး​ထိုး​ထား​ကြ​၏။-

38. ထို​အ​ချိန်​၌​ဋ္ဌား​ပြ​နှစ်​ယောက်​ကို​လည်း​ကိုယ်​တော် နှင့်​အ​တူ​လက်​ယာ​တော်​ဘက်​တွင်​တစ်​ယောက်၊ လက်​ဝဲ တော်​ဘက်​တွင်​တစ်​ယောက်၊ လက်​ဝါး​ကပ်​တိုင်​တွင် တင်​၍​သတ်​ကြ​၏။

39-40. လမ်း​သွား​လမ်း​လာ​များ​က​ဦး​ခေါင်း​ခါ​လျက် ``ဗိ​မာန် တော်​ကို​ဖြို​ဖျက်​၍​သုံး​ရက်​အ​တွင်း​ပြန်​လည်​တည် ဆောက်​မည့်​သူ၊ သင့်​ကိုယ်​ကို​သင်​ကယ်​တင်​လော့။ သင် သည်​ဘု​ရား​သ​ခင်​၏​သား​တော်​မှန်​လျှင် လက်​ဝါး ကပ်​တိုင်​ပေါ်​မှ​ဆင်း​ခဲ့​လော့'' ဟု​ကိုယ်​တော်​အား ကဲ့​ရဲ့​ကြ​၏။

41. ထို​နည်း​တူ​စွာ​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ၊ ကျမ်း တတ်​ဆ​ရာ​များ​နှင့်​ဘာ​သာ​ရေး​ခေါင်း​ဆောင် များ​က​လည်း​ပြောင်​လှောင်​ကြ​၏။-

42. ``ဤ​သူ​သည်​သူ​တစ်​ပါး​ကို​ကယ်​တင်​၏။ မိ​မိ ကိုယ်​ကို​မူ​မ​ကယ်​တင်​နိုင်​ပါ​တ​ကား။ သူ​သည် ဣသ​ရေ​လ​ရှင်​ဘု​ရင်​မ​ဟုတ်​ပါ​လော။ လက်​ဝါး ကပ်​တိုင်​မှ​ယ​ခု​ဆင်း​လာ​လျှင်​ငါ​တို့​သူ့​ကို ယုံ​ကြည်​ကြ​ပေ​အံ့။-

43. သူ​သည်​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ကိုး​စား​၏။ `ငါ သည်​ဘု​ရား​သ​ခင်​၏​သား​တော်​ဖြစ်​သည်' ဟု​ဆို​၏။ သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သူ့​ကို​အ​လို​တော် ရှိ​လျှင် ယ​ခု​ပင်​ကယ်​တင်​တော်​မူ​ပါ​စေ'' ဟု​ဆို ကြ​၏။

မဿဲ 27