30. သူတို့သည်ကိုယ်တော်ကိုတံတွေးနှင့်ထွေးကြ၏။ ကူရိုးကိုယူ၍ခေါင်းတော်ကိုရိုက်ကြ၏။-
31. ဤသို့ပြောင်လှောင်ကြပြီးလျှင်ကမ္ဗလာနီဝတ်လုံ ကိုချွတ်၍ကိုယ်တော်၏အဝတ်ကိုပြန်ဝတ်ပေးကြ ၏။ ထိုနောက်လက်ဝါးကပ်တိုင်တွင်တင်၍သတ်ရန် ကိုယ်တော်ကိုခေါ်ဆောင်သွားကြ၏။
32. သူတို့သည်ထွက်လာကြစဉ်ရှိမုန်နာမည်ရှိသူ ကုရေနေပြည်သားတစ်ယောက်ကိုတွေ့သဖြင့် ထိုသူအားအတင်းအကြပ်ခေါ်၍ကိုယ်တော်၏ လက်ဝါးကပ်တိုင်ကိုထမ်းစေကြ၏။-
33. ဦးခေါင်းခွံအရပ်ဟုအဋ္ဌိပ္ပါယ်ရှိသောဂေါလ ဂေါသနာမည်တွင်သည့်အရပ်သို့ရောက်လျှင်၊-
34. သူတို့သည်ဆေးခါးနှင့်ရောစပ်ထားသောစပျစ် ရည်ကိုကိုယ်တော်အားတိုက်ကြ၏။ ကိုယ်တော်သည် မြည်းစမ်းကြည့်တော်မူပြီးလျှင်မသောက်ဘဲနေ တော်မူ၏။
35. ထိုနောက်သူတို့သည်ကိုယ်တော်ကိုလက်ဝါးကပ် တိုင်တွင်တင်၍သတ်ကြ၏။ အဝတ်တော်များကို မဲချ၍ခွဲဝေကြ၏။-
36. ထိုနောက်ထိုင်၍ကိုယ်တော်ကိုစောင့်ကြည့်နေကြ၏။-
37. ကိုယ်တော်အားစွဲချက်တင်သည့်အပြစ်ကိုဦးခေါင်း တော်အထက်တွင် ``ဤသူကားယုဒရှင်ဘုရင်ဖြစ်၏'' ဟူ၍ကမ္ပည်းရေးထိုးထားကြ၏။-
38. ထိုအချိန်၌ဋ္ဌားပြနှစ်ယောက်ကိုလည်းကိုယ်တော် နှင့်အတူလက်ယာတော်ဘက်တွင်တစ်ယောက်၊ လက်ဝဲ တော်ဘက်တွင်တစ်ယောက်၊ လက်ဝါးကပ်တိုင်တွင် တင်၍သတ်ကြ၏။
39-40. လမ်းသွားလမ်းလာများကဦးခေါင်းခါလျက် ``ဗိမာန် တော်ကိုဖြိုဖျက်၍သုံးရက်အတွင်းပြန်လည်တည် ဆောက်မည့်သူ၊ သင့်ကိုယ်ကိုသင်ကယ်တင်လော့။ သင် သည်ဘုရားသခင်၏သားတော်မှန်လျှင် လက်ဝါး ကပ်တိုင်ပေါ်မှဆင်းခဲ့လော့'' ဟုကိုယ်တော်အား ကဲ့ရဲ့ကြ၏။
41. ထိုနည်းတူစွာယဇ်ပုရောဟိတ်ကြီးများ၊ ကျမ်း တတ်ဆရာများနှင့်ဘာသာရေးခေါင်းဆောင် များကလည်းပြောင်လှောင်ကြ၏။-