26. ထိုအခါပိလတ်မင်းသည်ဗာရဗ္ဗကိုလွတ်ငြိမ်းချမ်း သာခွင့်ပေး၍သခင်ယေရှုကိုကြိမ်ဒဏ်ခတ်စေပြီး လျှင် လက်ဝါးကပ်တိုင်တွင်တင်၍သတ်ရန်အပ်လိုက်၏။
27. ပိလတ်မင်း၏စစ်သားများသည်သခင်ယေရှုကို ဘုရင်ခံမင်းအိမ်တော်သို့ခေါ်ဆောင်သွားကြ၏။ ထိုနောက်ခြေလျင်တပ်ခွဲတစ်တပ်လုံးသည်ကိုယ် တော်ပတ်လည်စုရုံးလာကြ၏။-
28. စစ်သားများသည်ကိုယ်တော်အားအဝတ်တော် ကိုချွတ်၍ကမ္ဗလာနီဝတ်လုံကိုခြုံပေးကြ၏။-
29. ထိုနောက်ဆူးခက်ဖြင့်ရက်သည့်သရဖူကိုဆောင်း ပေးကြ၏။ ကူရိုးတစ်ချောင်းကိုလက်ယာလက်တော် တွင်ထည့်ပေးကြ၏။ ထိုနောက်ရှေ့တော်တွင်ဒူးထောက် လျက် ``ယုဒဘုရင်၊ သက်တော်ရှည်ပါစေသော'' ဟု ပြက်ရယ်ပြုကြ၏။-
30. သူတို့သည်ကိုယ်တော်ကိုတံတွေးနှင့်ထွေးကြ၏။ ကူရိုးကိုယူ၍ခေါင်းတော်ကိုရိုက်ကြ၏။-
31. ဤသို့ပြောင်လှောင်ကြပြီးလျှင်ကမ္ဗလာနီဝတ်လုံ ကိုချွတ်၍ကိုယ်တော်၏အဝတ်ကိုပြန်ဝတ်ပေးကြ ၏။ ထိုနောက်လက်ဝါးကပ်တိုင်တွင်တင်၍သတ်ရန် ကိုယ်တော်ကိုခေါ်ဆောင်သွားကြ၏။
32. သူတို့သည်ထွက်လာကြစဉ်ရှိမုန်နာမည်ရှိသူ ကုရေနေပြည်သားတစ်ယောက်ကိုတွေ့သဖြင့် ထိုသူအားအတင်းအကြပ်ခေါ်၍ကိုယ်တော်၏ လက်ဝါးကပ်တိုင်ကိုထမ်းစေကြ၏။-
33. ဦးခေါင်းခွံအရပ်ဟုအဋ္ဌိပ္ပါယ်ရှိသောဂေါလ ဂေါသနာမည်တွင်သည့်အရပ်သို့ရောက်လျှင်၊-
34. သူတို့သည်ဆေးခါးနှင့်ရောစပ်ထားသောစပျစ် ရည်ကိုကိုယ်တော်အားတိုက်ကြ၏။ ကိုယ်တော်သည် မြည်းစမ်းကြည့်တော်မူပြီးလျှင်မသောက်ဘဲနေ တော်မူ၏။
35. ထိုနောက်သူတို့သည်ကိုယ်တော်ကိုလက်ဝါးကပ် တိုင်တွင်တင်၍သတ်ကြ၏။ အဝတ်တော်များကို မဲချ၍ခွဲဝေကြ၏။-