မဿဲ 27:22-28 Common Language Bible (BCL)

22. ပိ​လတ်​မင်း​က ``သို့​ဖြစ်​လျှင်​ခ​ရစ်​တော်​ဆို​သူ ကို​ငါ​အ​ဘယ်​သို့​ပြု​ရ​မည်​နည်း'' ဟု​မေး​၏။ထို​သူ​အ​ပေါင်း​တို့​က ``သူ့​အား​လက်​ဝါး​ကပ် တိုင်​တွင်​တင်​၍​သတ်​ပါ'' ဟု​ဆို​ကြ​၏။

23. ပိ​လတ်​မင်း​က ``သူ​သည်​အ​ဘယ်​အ​ပြစ်​ကို ကူး​လွန်​သ​နည်း'' ဟု​မေး​၏။သို့​ရာ​တွင်​ထို​သူ​တို့​က ``သူ့​အား​လက်​ဝါး​ကပ် တိုင်​တွင်​တင်​၍​သတ်​ပါ'' ဟု​အ​သံ​ကုန်​ဟစ်​အော် ကြ​၏။

24. ပိ​လတ်​မင်း​သည်​မိ​မိ​ရှေ့​ဆက်​လက်​ပြော​ဆို​ရန် မ​ဖြစ်၊ ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​မည့်​အ​ရိပ်​အ​ရောင် ကို​သာ​သိ​မြင်​လာ​သ​ဖြင့်​ရေ​ကို​ယူ​၍ ``ဤ​သူ သေ​ရ​ခြင်း​မှာ​ငါ​၏​တာ​ဝန်​မ​ဟုတ်၊ သင်​တို့​၏ တာ​ဝန်​သာ​ဖြစ်​သည်'' ဟု​ဆို​ကာ​လူ​တို့​ရှေ့​တွင် မိ​မိ​၏​လက်​ကို​ဆေး​၏။

25. လူ​အ​ပေါင်း​တို့​က ``ထို​သူ​သေ​ရ​ခြင်း​အ​တွက် အ​ကျွန်ုပ်​တို့​နှင့်​အ​ကျွန်ုပ်​တို့​၏​သား​မြေး​များ ၏​တာ​ဝန်​ဖြစ်​ပါ​စေ'' ဟု​ဆို​ကြ​၏။

26. ထို​အ​ခါ​ပိ​လတ်​မင်း​သည်​ဗာ​ရဗ္ဗ​ကို​လွတ်​ငြိမ်း​ချမ်း သာ​ခွင့်​ပေး​၍​သ​ခင်​ယေ​ရှု​ကို​ကြိမ်​ဒဏ်​ခတ်​စေ​ပြီး လျှင် လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ရန်​အပ်​လိုက်​၏။

27. ပိ​လတ်​မင်း​၏​စစ်​သား​များ​သည်​သ​ခင်​ယေ​ရှု​ကို ဘု​ရင်​ခံ​မင်း​အိမ်​တော်​သို့​ခေါ်​ဆောင်​သွား​ကြ​၏။ ထို​နောက်​ခြေ​လျင်​တပ်​ခွဲ​တစ်​တပ်​လုံး​သည်​ကိုယ် တော်​ပတ်​လည်​စု​ရုံး​လာ​ကြ​၏။-

28. စစ်​သား​များ​သည်​ကိုယ်​တော်​အား​အ​ဝတ်​တော် ကို​ချွတ်​၍​ကမ္ဗ​လာ​နီ​ဝတ်​လုံ​ကို​ခြုံ​ပေး​ကြ​၏။-

မဿဲ 27