မဿဲ 26:7-15 Common Language Bible (BCL)

7. အ​မျိုး​သ​မီး​တစ်​ယောက်​သည်​အ​လွန်​အ​ဖိုး ထိုက်​သည့်​ဆီ​မွှေး​ကျောက်​ဖြူ​ဗူး​ကို​ယူ​ဆောင်​၍ အ​ထံ​တော်​သို့​လာ​ပြီး​လျှင်​ထို​ဆီ​မွှေး​ကို ကိုယ်​တော်​၏​ခေါင်း​တော်​ထက်​တွင်​သွန်း​လောင်း လေ​သည်။-

8. ထို​အ​ခြင်း​အ​ရာ​ကို​တ​ပည့်​တော်​တို့​မြင်​လျှင် အ​မျက်​ထွက်​၍ ``အဘယ်​ကြောင့်​ဤ​သို့​ဖြုန်း​တီး ပါ​သ​နည်း။-

9. ဤ​ဆီ​မွှေး​ကို​ငွေ​အ​မြောက်​အ​မြား​နှင့်​ရောင်း ၍​ဆင်း​ရဲ​သူ​များ​အား​ပေး​ကမ်း​သင့်​၏'' ဟု ဆို​ကြ​သည်။

10. သ​ခင်​ယေ​ရှု​သည်​ကြား​သိ​တော်​မူ​သော အ​ခါ ``အ​ဘယ်​ကြောင့်​ဤ​အ​မျိုး​သ​မီး​ကို သင်​တို့​နှောင့်​ယှက်​ကြ​သ​နည်း။ သူ​ပြု​သော အ​မှု​သည်​လွန်​စွာ​လျောက်​ပတ်​ပေ​၏။-

11. ဆင်း​ရဲ​သူ​များ​သည်​သင်​တို့​နှင့်​အ​မြဲ​ရှိ​နေ ကြ​မည်။ ငါ​မူ​ကား​သင်​တို့​နှင့်​အ​မြဲ​ရှိ​နေ မည်​မ​ဟုတ်။-

12. ဤ​အ​မျိုး​သ​မီး​သည်​ငါ့​အ​ပေါ်​သို့​ဆီ​မွှေး သွန်း​လောင်း​သည်​မှာ​ငါ​၏​ရုပ်​အ​လောင်း​ကို သင်္ဂြိုဟ်​ရန်​ပြင်​ဆင်​ခြင်း​ပင်​ဖြစ်​၏။-

13. အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား၊ သ​တင်း​ကောင်း​ကို​ကမ္ဘာ​အ​ရပ်​ရပ်​တွင်​ကြေ ညာ​သော​အ​ခါ ဤ​အ​မျိုး​သ​မီး​ကို​အောက်​မေ့ သ​တိ​ရ​ကြ​စေ​ရန် သူ​ပြု​ခဲ့​သော​ကောင်း​မှု ကို​ပြော​ကြား​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

14. ထို​နောက်​တစ်​ကျိပ်​နှစ်​ပါး​အ​ပါ​အ​ဝင်​ဖြစ်​သော ယု​ဒ​ရှ​ကာ​ရုတ်​သည်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ ထံ​သို့​သွား​၍၊-

15. ``ယေ​ရှု​ကို​သင်​တို့​လက်​သို့​အ​ကျွန်ုပ်​ပေး​အပ်​ပါ လျှင်​အ​ကျွန်ုပ်​အား​ငွေ​မည်​မျှ​ပေး​မည်​နည်း'' ဟု မေး​၏။ ထို​သူ​တို့​သည်​လည်း​သူ့​အား​ငွေ​ဒင်္ဂါး သုံး​ဆယ်​ပေး​ကြ​၏။-

မဿဲ 26