မဿဲ 26:24-30 Common Language Bible (BCL)

24. ကျမ်း​စာ​လာ​သည်​အ​တိုင်း​လူ​သား​သည်​အ​သေ​ခံ ရန်​သွား​ရ​မည်။ သို့​ရာ​တွင်​လူ​သား​ကို​ရန်​သူ​လက် သို့​အပ်​သူ​သည်​အ​မင်္ဂ​လာ​ရှိ​၏။ မွေး​ဖွား​ခြင်း​ကို မ​ခံ​ရ​လျှင်​သူ့​အ​ဖို့​ကောင်း​သေး​၏'' ဟု​မိန့်​တော် မူ​သည်။

25. ကိုယ်​တော်​ကို​ရန်​သူ့​လက်​သို့​အပ်​မည့်​သူ​ယု​ဒ က ``အ​ရှင်​ဘု​ရား၊ ထို​သူ​သည်​အ​ကျွန်ုပ်​ပေ​လော'' ဟု​မေး​လျှောက်​လျှင်၊ကိုယ်​တော်​က ``သင်​ပြော​သည့်​အ​တိုင်း​ပင်​မှန်​၏'' ဟု​မိန့်​တော်​မူ​၏။

26. ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​နှင့်​အ​တူ​ညစာ စား​လျက်​နေ​တော်​မူ​စဉ်​မုန့်​ကို​ယူ​၍​ကျေး​ဇူး​တော် ကို​ချီး​မွမ်း​တော်​မူ​၏။ ထို​နောက်​မုန့်​ကို​ဖဲ့​၍ ``ဤ​မုန့် ကား​ငါ​၏​ကိုယ်​ခန္ဓာ​ဖြစ်​၏။ ယူ​၍​စား​ကြ​လော့'' ဟု မိန့်​တော်​မူ​ပြီး​လျှင်​တ​ပည့်​တော်​တို့​အား​ဝေ​ပေး တော်​မူ​၏။

27. စ​ပျစ်​ရည်​ခွက်​ကို​လည်း​ယူ​၍​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​နောက်​တ​ပည့်​တော်​တို့​အား​ပေး​တော် မူ​၏။ ကိုယ်​တော်​က ``သင်​တို့​အား​လုံး​သောက်​ကြ လော့။-

28. ဤ​စ​ပျစ်​ရည်​ကား​ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ် တော်​ကို​တံ​ဆိပ်​ခတ်​သော၊ လူ​တို့​အ​ပြစ်​ပြေ လွှတ်​ရန်​အ​တွက်​သွန်း​သော​ငါ​၏​သွေး​ဖြစ်​၏။-

29. သင်​တို့​အား​ငါ​ဆို​သည်​ကား​ယ​ခု​အ​ချိန်​မှ စ​၍​ငါ့​ခ​မည်း​တော်​၏​နိုင်​ငံ​တော်​တွင်​သင်​တို့ နှင့်​အ​တူ​စ​ပျစ်​ရည်​သစ်​ကို​သောက်​ရ​သည့်​နေ့ မ​တိုင်​မီ​ငါ​သည်​ဤ​စ​ပျစ်​ရည်​ကို​နောက်​တစ်​ဖန် မ​သောက်​တော့​ပြီ'' ဟု​မိန့်​တော်​မူ​၏။

30. ထို​နောက်​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် ဋ္ဌမ္မ​သီ​ချင်း​ကို​ဆို​ပြီး​နောက်​သံ​လွင်​တောင်​သို့ ထွက်​သွား​ကြ​၏။

မဿဲ 26