10. သခင်ယေရှုသည်ကြားသိတော်မူသော အခါ ``အဘယ်ကြောင့်ဤအမျိုးသမီးကို သင်တို့နှောင့်ယှက်ကြသနည်း။ သူပြုသော အမှုသည်လွန်စွာလျောက်ပတ်ပေ၏။-
11. ဆင်းရဲသူများသည်သင်တို့နှင့်အမြဲရှိနေ ကြမည်။ ငါမူကားသင်တို့နှင့်အမြဲရှိနေ မည်မဟုတ်။-
12. ဤအမျိုးသမီးသည်ငါ့အပေါ်သို့ဆီမွှေး သွန်းလောင်းသည်မှာငါ၏ရုပ်အလောင်းကို သင်္ဂြိုဟ်ရန်ပြင်ဆင်ခြင်းပင်ဖြစ်၏။-
13. အမှန်အကန်သင်တို့အားငါဆိုသည်ကား၊ သတင်းကောင်းကိုကမ္ဘာအရပ်ရပ်တွင်ကြေ ညာသောအခါ ဤအမျိုးသမီးကိုအောက်မေ့ သတိရကြစေရန် သူပြုခဲ့သောကောင်းမှု ကိုပြောကြားကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
14. ထိုနောက်တစ်ကျိပ်နှစ်ပါးအပါအဝင်ဖြစ်သော ယုဒရှကာရုတ်သည်ယဇ်ပုရောဟိတ်ကြီးများ ထံသို့သွား၍၊-
15. ``ယေရှုကိုသင်တို့လက်သို့အကျွန်ုပ်ပေးအပ်ပါ လျှင်အကျွန်ုပ်အားငွေမည်မျှပေးမည်နည်း'' ဟု မေး၏။ ထိုသူတို့သည်လည်းသူ့အားငွေဒင်္ဂါး သုံးဆယ်ပေးကြ၏။-
16. ထိုအချိန်မှစ၍ယုဒသည်ကိုယ်တော်ကို ရန်သူ့လက်သို့အပ်ရန်အခွင့်ကောင်းကိုရှာ လျက်နေ၏။
17. တဆေးမဲ့မုန့်ပွဲတော်ပထမနေ့၌တပည့်တော် တို့သည်သခင်ယေရှုထံတော်သို့လာ၍ ``အရှင့် အတွက်ပသခါပွဲညစာကိုအကျွန်ုပ်တို့ အဘယ်အရပ်တွင်ပြင်ဆင်ရပါမည်နည်း'' ဟု မေးလျှောက်ကြ၏။
18. ကိုယ်တော်က ``မြို့ထဲသို့ဝင်၍ဤမည်သောသူထံ သို့သွား၍ဆရာတော်က `ငါ့အတွက်သတ်မှတ် ထားသည့်အချိန်ရောက်လာပြီဖြစ်၍ငါ့တပည့် များနှင့်အတူသင်၏အိမ်တွင်ပသခါပွဲကို ကျင်းပလိုသည်' ဟုမှာကြားလိုက်ကြောင်းပြော ကြလော့'' ဟုမိန့်တော်မူ၏။