မဿဲ 25:9-23 Common Language Bible (BCL)

9. ပညာ​သ​တိ​ရှိ​သူ​များ​က `သင်​တို့​အ​ဖို့​နှင့်​ငါ​တို့ အ​ဖို့​ပါ​ဆို​လျှင်​ဆီ​လောက်​မည်​မ​ဟုတ်​သ​ဖြင့် ဆီ​ရောင်း​သူ​ထံ​သို့​သွား​၍​သင်​တို့​အ​တွက် ဝယ်​ယူ​ကြ​ပါ' ဟု​ပြန်​ပြော​ကြ​၏။-

10. ပ​ညာ​သ​တိ​မ​ရှိ​သူ​တို့​ဆီ​ဝယ်​ရန်​ထွက်​သွား နေ​ခိုက်​မင်္ဂ​လာ​ဆောင်​သ​တို့​သား​သည်​ရောက် လာ​၏။ အ​သင့်​ရှိ​နေ​ကြ​သော​အ​ပျို​ရံ​တို့ သည်​လည်း​သူ​နှင့်​အ​တူ​မင်္ဂ​လာ​ဆောင်​ပွဲ​သို့ ဝင်​ပြီး​လျှင်​တံ​ခါး​ကို​ပိတ်​ထား​လိုက်​၏။

11. ``ပ​ညာ​သ​တိ​မ​ရှိ​သော​အ​ပျို​ရံ​များ​သည် လည်း​ပြန်​ရောက်​လာ​၍ `အ​ရှင်၊ အ​ရှင်၊ ကျွန်​မ​တို့ အား​တံ​ခါး​ဖွင့်​ပေး​ပါ' ဟု​ဆို​ကြ​၏။-

12. သို့​ရာ​တွင်​မင်္ဂ​လာ​ဆောင်​သ​တို့​သား​က `မ​ဖွင့် ပေး​နိုင်​ပါ။ သင်​တို့​ကို​ငါ​မ​သိ' ဟု​ပြန်​ပြော​၏။

13. ``သို့​ဖြစ်​၍​သင်​တို့​သည်​လည်း​ထို​နေ့​ထို​အ​ချိန် ကို​မ​သိ​ကြ​သ​ဖြင့်​သ​တိ​နှင့်​စောင့်​နေ​ကြ​လော့။

14. ``ကောင်း​ကင်​နိုင်​ငံ​တော်​သည်​ခ​ရီး​ပြု​ရန် မိ​မိ​အိမ် မှ​ထွက်​မည့်​ဆဲ​ဆဲ​ရှိ​သူ လူ​တစ်​ယောက်​ကြုံ​တွေ့​ရ သည့်​အ​ဖြစ်​အ​ပျက်​နှင့်​တူ​လိမ့်​မည်။ သူ​သည်​မိ​မိ ၏​ကျွန်​များ​ကို​ခေါ်​၍​ဥစ္စာ​ပစ္စည်း​များ​ကို​အပ်​၏။-

15. တစ်​ယောက်​ကို​ရွှေ​ငါး​ပိ​ဿာ၊ အ​ခြား​တစ်​ယောက်​ကို နှစ်​ပိ​ဿာ၊ အ​ခြား​တစ်​ယောက်​ကို​ရွှေ​တစ်​ပိ​ဿာ​စ​သည် ဖြင့်​ထို​သူ​တို့​၏​အ​ရည်​အ​ချင်း​အ​လိုက်​ပေး​အပ်​၏။ ထို​နောက်​နိုင်​ငံ​ရပ်​ခြား​သို့​ထွက်​ခွာ​သွား​လေ​သည်။-

16. ရွှေ​ငါး​ပိ​ဿာ​ရ​သူ​သည်​ချက်​ချင်း​ပင်​ကူး​သန်း ရောင်း​ဝယ်​မှု​ကို​ပြု​သ​ဖြင့်​အ​မြတ်​ရွှေ​ငါး​ပိ​ဿာ ကို​ရ​၏။-

17. ထို​နည်း​တူ​ပင်​ရွှေ​နှစ်​ပိ​ဿာ​ရ​သူ​သည်​လည်း အ​မြတ်​ရွှေ​နှစ်​ပိ​ဿာ​ကို​ရ​၏။-

18. ရွှေ​တစ်​ပိဿာ​ရ​သူ​မူ​ကား​နေ​ရာ​တစ်​ခု​သို့​သွား ၍​မိ​မိ​သ​ခင်​၏​ရွှေ​ကို​မြေ​တွင်​မြှုပ်​ထား​လေ​၏။

19. ``ကာ​လ​အ​တော်​ကြာ​သော်​ထို​ကျွန်​တို့​၏​အ​ရှင် သည်​ပြန်​လာ​၍​သူ​တို့​နှင့်​စာ​ရင်း​ရှင်း​၏။-

20. ရွှေ​ငါး​ပိ​ဿာ​ရ​သူ​သည်​အ​ပို​ရွှေ​ငါး​ပိ​ဿာ​ကို​ယူ ဆောင်​လာ​ပြီး​လျှင်`အ​ရှင်၊ အ​ကျွန်ုပ်​အား​အ​ရှင်​ရွှေ ငါး​ပိ​ဿာ​ပေး​အပ်​ခဲ့​ပါ​၏။ ကြည့်​ပါ။ အ​ကျွန်ုပ် သည်​ရွှေ​ငါး​ပိ​ဿာ​အ​မြတ်​ရ​ပါ​ပြီ' ဟု​လျှောက်​၏။-

21. သ​ခင်​က​လည်း `ကောင်း​လေ​စွ၊ သစ္စာ​ရှိ​ငါ့​ကျွန်​ကောင်း၊ သင်​သည်​သေး​ငယ်​သော​အ​မှု​တွင်​သစ္စာ​ရှိ​၏။ ကြီး သော​အ​မှု​ကို​သင့်​အား​ငါ​အပ်​နှင်း​မည်။ ငါ​နှင့် အ​တူ​စည်း​စိမ်​ချမ်း​သာ​ခံ​စား​ပါ​လော့' ဟု​ဆို​၏။

22. ``ရွှေ​နှစ်​ပိ​ဿာ​ရ​သူ​သည်​လည်း​လာ​၍`အ​ရှင်၊ အ​ကျွန်ုပ် အား အ​ရှင်​ရွှေ​နှစ်​ပိ​ဿာ​ပေး​အပ်​ခဲ့​ပါ​၏။ ကြည့်​ပါ။ အ​ကျွန်ုပ်​သည် ရွှေ​နှစ်​ပိ​ဿာ​အ​မြတ်​ရ​ပါ​ပြီ' ဟု လျှောက်​ထား​၏။-

23. သ​ခင်​က`ကောင်း​လေ​စွ။ သစ္စာ​ရှိ​ငါ့​ကျွန်​ကောင်း၊ သင်​သည်​သေး​ငယ်​သော​အ​မှု​တွင်​သစ္စာ​ရှိ​၏။ ကြီး​သော​အ​မှု​ကို​သင့်​အား​ငါ​အပ်​နှင်း​မည်။ ငါ​နှင့်​အ​တူ​စည်း​စိမ်​ချမ်း​သာ​ခံ​စား​ပါ​လော့' ဟု​ဆို​၏။

မဿဲ 25