39. ဖျားနာတော်မူသည်ကိုလည်းကောင်း၊ ထောင်ကျ တော်မူသည်ကိုလည်းကောင်းအဘယ်အခါ၌ အကျွန်ုပ်တို့မြင်၍အထံတော်သို့လာကြပါ သနည်း' ဟုပြန်၍လျှောက်ထားကြ၏။-
40. ထိုအခါဘုရင်မင်းမြတ်က `အမှန်အကန်သင် တို့အားငါဆိုသည်ကား၊ ဤငါ၏ညီများအနက် အသိမ်ငယ်ဆုံးဖြစ်သူတစ်စုံတစ်ယောက်အား သင်တို့ပြုစုခဲ့သမျှသည်ငါ့အားပြုစုခြင်း ပင်မည်၏' ဟုမိန့်တော်မူလိမ့်မည်။
41. ``ထိုနောက်ဘုရင်မင်းမြတ်ကလက်ဝဲတော်ဘက် ၌ရှိသောသူတို့အား `အမင်္ဂလာရှိသူတို့၊ ငါ့ထံ မှထွက်သွားကြလော့။ မာရ်နတ်နှင့်သူ့စေတမန် များအတွက်ပြင်ဆင်ထားသည့်ထာဝရမီး ထဲသို့သက်ဆင်းကြလော့။-
42. ငါဆာလောင်မွတ်သိပ်စဉ်အခါကသင်တို့သည် ငါ့ကိုမကျွေးမမွေးကြ။ ငါရေငတ်စဉ်အခါ ကသောက်ရေကိုမပေးကြ။-
43. ငါသည်ဧည့်သည်ဖြစ်စဉ်အခါကဧည့်သည်ဝတ် ကိုမပြုကြ။ ငါသည်အဝတ်အချည်းစည်းဖြစ် စဉ်အခါကအဝတ်ဝတ်ဆင်မပေးကြ။ ငါဖျား နာစဉ်အခါကလည်းကောင်း၊ ထောင်ကျစဉ်အခါ ကလည်းကောင်းသင်တို့သည်ငါ့ထံကိုမလာကြ' ဟုမိန့်တော်မူ၏။
44. ``ထိုသူတို့က `အရှင်ဘုရား၊ ကိုယ်တော်ဆာလောင် မွတ်သိပ်တော်မူခြင်း၊ ရေငတ်တော်မူခြင်း၊ ဧည့်သည် ဖြစ်တော်မူခြင်း၊ အဝတ်အချည်းစည်းဖြစ်တော် မူခြင်း၊ ဖျားနာတော်မူခြင်း၊ ထောင်ကျတော်မူခြင်း တို့ကိုအဘယ်အခါ၌အကျွန်ုပ်တို့မြင်ရပါလျက် ကိုယ်တော်အားမပြုစုမလုပ်ကျွေးဘဲနေခဲ့ပါ သနည်း' ဟုလျှောက်ထားကြပေအံ့။-
45. ထိုအခါဘုရင်မင်းမြတ်က `အမှန်အကန် သင်တို့အားငါဆိုသည်ကား၊ သိမ်ငယ်သည့် ဤသူများအနက်ကတစ်စုံတစ်ယောက်သော သူကိုသင်တို့မပြုမစုဘဲနေခဲ့သမျှသည် ငါ့ကိုမပြုမစုဘဲနေခဲ့ခြင်းပင်မည်၏' ဟု မိန့်တော်မူလိမ့်မည်။-
46. ထို့ကြောင့်ထိုသူတို့သည်ထာဝရအပြစ်ဒဏ်ခံ ရကြလိမ့်မည်။ သူတော်ကောင်းတို့မူကားထာဝရ ချမ်းသာသို့ဝင်စားရကြလိမ့်မည်'' ဟုမိန့်တော် မူ၏။