29. ကြွယ်ဝချမ်းသာသောသူသည်ထပ်၍ရရှိသဖြင့် သူ၌ပိုလျှံ၍နေလိမ့်မည်။ သို့ရာတွင်ဆင်းရဲ သောသူထံမှရှိသမျှကိုပင်နုတ်လိမ့်မည်။-
30. အသုံးမကျသည့်ဤကျွန်ကိုအပြင်အမှောင်ထဲ သို့ထုတ်လိုက်ကြ။ သူသည်ထိုအရပ်တွင်ငိုကြွေး မြည်တမ်း၍အံသွားခဲကြိတ်လျက်နေရလိမ့် မည်' ဟုဆို၏။''
31. ``လူသားသည်ကောင်းကင်တမန်အပေါင်းခြံရံ လျက်ဘုရင်အဖြစ်ကြွလာတော်မူသောအခါ ပလ္လင်ပေါ်၌ထိုင်တော်မူလိမ့်မည်။-
32. ထိုအခါလူမျိုးအပေါင်းတို့သည်ရှေ့တော်တွင် စုရုံးရကြလိမ့်မည်။ သိုးထိန်းသည်သိုးနှင့်ဆိတ် တို့ကိုတခြားစီခွဲထုတ်သကဲ့သို့လူသားသည် လည်းလူတို့အားနှစ်စုခွဲထုတ်တော်မူပြီးလျှင်၊-
33. သူတော်ကောင်းများကိုလက်ယာတော်ဘက်၊ သူယုတ်မာများကိုလက်ဝဲတော်ဘက်တွင် ထားတော်မူလိမ့်မည်။-
34. ထိုနောက်ဘုရင်မင်းမြတ်ကလက်ယာတော်ဘက် တွင်ရှိသောသူတို့အား `ကောင်းချီးမင်္ဂလာကို ခံရသူတို့၊ လောကကိုဖန်ဆင်းတော်မူချိန်မှ စ၍သင်တို့အတွက်ပြင်ဆင်ထားတော်မူသည့် နိုင်ငံတော်ကိုခံယူကြလော့။-
35. သင်တို့သည်ငါဆာလောင်မွတ်သိပ်စဉ်အခါက ငါ့ကိုကျွေးမွေးကြ၏။ ငါရေငတ်စဉ်အခါက သောက်ရေကိုပေးကြ၏။ ငါသည်ဧည့်သည်ဖြစ်စဉ် အခါကဧည့်ဝတ်ကိုပြုကြ၏။-
36. ငါသည်အဝတ်အချည်းစည်းဖြစ်စဉ်အခါက အဝတ်ကိုဝတ်ဆင်ပေးကြ၏။ ငါဖျားနာစဉ် အခါကပြုစုကြ၏။ ငါထောင်ကျစဉ်အခါ ကငါ့ထံလာရောက်ကြ၏' ဟုမိန့်တော်မူ၏။''