24. ``သို့ရာတွင်ရွှေတစ်ပိဿာရသူသည်လာ၍ `အရှင်၊ အကျွန်ုပ်သည်အရှင့်အကြောင်းကိုသိပါ၏။ အရှင် သည်ခက်ထန်သူဖြစ်၍မိမိမစိုက်မပျိုးသည့် အရပ်တွင်ရိတ်သိမ်းတတ်ပါ၏။ မကြဲဖြန့်သည့် အရပ်တွင်စုသိမ်းတတ်ပါ၏။-
25. အကျွန်ုပ်သည်ကြောက်ရွံ့သဖြင့်အရှင်၏ရွှေကို မြေတွင်မြှုပ်ထားခဲ့ပါ၏။ ကြည့်ပါ။ အရှင်၏ပစ္စည်း ဤမှာရှိပါ၏' ဟုလျှောက်၏။''
26. ``သခင်ကလည်း `အချင်းဆိုးညစ်သည့်ကျွန်ပျင်း၊ ငါသည်မိမိမစိုက်မပျိုးသည့်အရပ်တွင်ရိတ်သိမ်း ၍မကြဲမဖြန့်သည့်အရပ်တွင်စုသိမ်းတတ်သည် ကိုသင်သိသည်မှန်လျှင်၊-
27. ငါ၏ရွှေကိုဘဏ်တွင်အပ်ထားသင့်၏။ သို့မှသာ လျှင်ငါပြန်လာချိန်၌အတိုးနှင့်အတူပြန် လည်ရရှိနိုင်၏။-
28. ထိုသူ၏ထံမှရွှေတစ်ပိဿာကိုယူ၍ဆယ်ပိဿာ ရှိသူအားပေးကြ။-
29. ကြွယ်ဝချမ်းသာသောသူသည်ထပ်၍ရရှိသဖြင့် သူ၌ပိုလျှံ၍နေလိမ့်မည်။ သို့ရာတွင်ဆင်းရဲ သောသူထံမှရှိသမျှကိုပင်နုတ်လိမ့်မည်။-
30. အသုံးမကျသည့်ဤကျွန်ကိုအပြင်အမှောင်ထဲ သို့ထုတ်လိုက်ကြ။ သူသည်ထိုအရပ်တွင်ငိုကြွေး မြည်တမ်း၍အံသွားခဲကြိတ်လျက်နေရလိမ့် မည်' ဟုဆို၏။''
31. ``လူသားသည်ကောင်းကင်တမန်အပေါင်းခြံရံ လျက်ဘုရင်အဖြစ်ကြွလာတော်မူသောအခါ ပလ္လင်ပေါ်၌ထိုင်တော်မူလိမ့်မည်။-
32. ထိုအခါလူမျိုးအပေါင်းတို့သည်ရှေ့တော်တွင် စုရုံးရကြလိမ့်မည်။ သိုးထိန်းသည်သိုးနှင့်ဆိတ် တို့ကိုတခြားစီခွဲထုတ်သကဲ့သို့လူသားသည် လည်းလူတို့အားနှစ်စုခွဲထုတ်တော်မူပြီးလျှင်၊-