မဿဲ 25:21-25 Common Language Bible (BCL)

21. သ​ခင်​က​လည်း `ကောင်း​လေ​စွ၊ သစ္စာ​ရှိ​ငါ့​ကျွန်​ကောင်း၊ သင်​သည်​သေး​ငယ်​သော​အ​မှု​တွင်​သစ္စာ​ရှိ​၏။ ကြီး သော​အ​မှု​ကို​သင့်​အား​ငါ​အပ်​နှင်း​မည်။ ငါ​နှင့် အ​တူ​စည်း​စိမ်​ချမ်း​သာ​ခံ​စား​ပါ​လော့' ဟု​ဆို​၏။

22. ``ရွှေ​နှစ်​ပိ​ဿာ​ရ​သူ​သည်​လည်း​လာ​၍`အ​ရှင်၊ အ​ကျွန်ုပ် အား အ​ရှင်​ရွှေ​နှစ်​ပိ​ဿာ​ပေး​အပ်​ခဲ့​ပါ​၏။ ကြည့်​ပါ။ အ​ကျွန်ုပ်​သည် ရွှေ​နှစ်​ပိ​ဿာ​အ​မြတ်​ရ​ပါ​ပြီ' ဟု လျှောက်​ထား​၏။-

23. သ​ခင်​က`ကောင်း​လေ​စွ။ သစ္စာ​ရှိ​ငါ့​ကျွန်​ကောင်း၊ သင်​သည်​သေး​ငယ်​သော​အ​မှု​တွင်​သစ္စာ​ရှိ​၏။ ကြီး​သော​အ​မှု​ကို​သင့်​အား​ငါ​အပ်​နှင်း​မည်။ ငါ​နှင့်​အ​တူ​စည်း​စိမ်​ချမ်း​သာ​ခံ​စား​ပါ​လော့' ဟု​ဆို​၏။

24. ``သို့​ရာ​တွင်​ရွှေ​တစ်​ပိ​ဿာ​ရ​သူ​သည်​လာ​၍ `အ​ရှင်၊ အ​ကျွန်ုပ်​သည်​အ​ရှင့်​အ​ကြောင်း​ကို​သိ​ပါ​၏။ အ​ရှင် သည်​ခက်​ထန်​သူ​ဖြစ်​၍​မိ​မိ​မ​စိုက်​မ​ပျိုး​သည့် အ​ရပ်​တွင်​ရိတ်​သိမ်း​တတ်​ပါ​၏။ မ​ကြဲ​ဖြန့်​သည့် အ​ရပ်​တွင်​စု​သိမ်း​တတ်​ပါ​၏။-

25. အ​ကျွန်ုပ်​သည်​ကြောက်​ရွံ့​သ​ဖြင့်​အ​ရှင်​၏​ရွှေ​ကို မြေ​တွင်​မြှုပ်​ထား​ခဲ့​ပါ​၏။ ကြည့်​ပါ။ အ​ရှင်​၏​ပစ္စည်း ဤ​မှာ​ရှိ​ပါ​၏' ဟု​လျှောက်​၏။''

မဿဲ 25