18. ရွှေတစ်ပိဿာရသူမူကားနေရာတစ်ခုသို့သွား ၍မိမိသခင်၏ရွှေကိုမြေတွင်မြှုပ်ထားလေ၏။
19. ``ကာလအတော်ကြာသော်ထိုကျွန်တို့၏အရှင် သည်ပြန်လာ၍သူတို့နှင့်စာရင်းရှင်း၏။-
20. ရွှေငါးပိဿာရသူသည်အပိုရွှေငါးပိဿာကိုယူ ဆောင်လာပြီးလျှင်`အရှင်၊ အကျွန်ုပ်အားအရှင်ရွှေ ငါးပိဿာပေးအပ်ခဲ့ပါ၏။ ကြည့်ပါ။ အကျွန်ုပ် သည်ရွှေငါးပိဿာအမြတ်ရပါပြီ' ဟုလျှောက်၏။-
21. သခင်ကလည်း `ကောင်းလေစွ၊ သစ္စာရှိငါ့ကျွန်ကောင်း၊ သင်သည်သေးငယ်သောအမှုတွင်သစ္စာရှိ၏။ ကြီး သောအမှုကိုသင့်အားငါအပ်နှင်းမည်။ ငါနှင့် အတူစည်းစိမ်ချမ်းသာခံစားပါလော့' ဟုဆို၏။
22. ``ရွှေနှစ်ပိဿာရသူသည်လည်းလာ၍`အရှင်၊ အကျွန်ုပ် အား အရှင်ရွှေနှစ်ပိဿာပေးအပ်ခဲ့ပါ၏။ ကြည့်ပါ။ အကျွန်ုပ်သည် ရွှေနှစ်ပိဿာအမြတ်ရပါပြီ' ဟု လျှောက်ထား၏။-
23. သခင်က`ကောင်းလေစွ။ သစ္စာရှိငါ့ကျွန်ကောင်း၊ သင်သည်သေးငယ်သောအမှုတွင်သစ္စာရှိ၏။ ကြီးသောအမှုကိုသင့်အားငါအပ်နှင်းမည်။ ငါနှင့်အတူစည်းစိမ်ချမ်းသာခံစားပါလော့' ဟုဆို၏။
24. ``သို့ရာတွင်ရွှေတစ်ပိဿာရသူသည်လာ၍ `အရှင်၊ အကျွန်ုပ်သည်အရှင့်အကြောင်းကိုသိပါ၏။ အရှင် သည်ခက်ထန်သူဖြစ်၍မိမိမစိုက်မပျိုးသည့် အရပ်တွင်ရိတ်သိမ်းတတ်ပါ၏။ မကြဲဖြန့်သည့် အရပ်တွင်စုသိမ်းတတ်ပါ၏။-
25. အကျွန်ုပ်သည်ကြောက်ရွံ့သဖြင့်အရှင်၏ရွှေကို မြေတွင်မြှုပ်ထားခဲ့ပါ၏။ ကြည့်ပါ။ အရှင်၏ပစ္စည်း ဤမှာရှိပါ၏' ဟုလျှောက်၏။''
26. ``သခင်ကလည်း `အချင်းဆိုးညစ်သည့်ကျွန်ပျင်း၊ ငါသည်မိမိမစိုက်မပျိုးသည့်အရပ်တွင်ရိတ်သိမ်း ၍မကြဲမဖြန့်သည့်အရပ်တွင်စုသိမ်းတတ်သည် ကိုသင်သိသည်မှန်လျှင်၊-
27. ငါ၏ရွှေကိုဘဏ်တွင်အပ်ထားသင့်၏။ သို့မှသာ လျှင်ငါပြန်လာချိန်၌အတိုးနှင့်အတူပြန် လည်ရရှိနိုင်၏။-
28. ထိုသူ၏ထံမှရွှေတစ်ပိဿာကိုယူ၍ဆယ်ပိဿာ ရှိသူအားပေးကြ။-
29. ကြွယ်ဝချမ်းသာသောသူသည်ထပ်၍ရရှိသဖြင့် သူ၌ပိုလျှံ၍နေလိမ့်မည်။ သို့ရာတွင်ဆင်းရဲ သောသူထံမှရှိသမျှကိုပင်နုတ်လိမ့်မည်။-