မဿဲ 25:14-17 Common Language Bible (BCL)

14. ``ကောင်း​ကင်​နိုင်​ငံ​တော်​သည်​ခ​ရီး​ပြု​ရန် မိ​မိ​အိမ် မှ​ထွက်​မည့်​ဆဲ​ဆဲ​ရှိ​သူ လူ​တစ်​ယောက်​ကြုံ​တွေ့​ရ သည့်​အ​ဖြစ်​အ​ပျက်​နှင့်​တူ​လိမ့်​မည်။ သူ​သည်​မိ​မိ ၏​ကျွန်​များ​ကို​ခေါ်​၍​ဥစ္စာ​ပစ္စည်း​များ​ကို​အပ်​၏။-

15. တစ်​ယောက်​ကို​ရွှေ​ငါး​ပိ​ဿာ၊ အ​ခြား​တစ်​ယောက်​ကို နှစ်​ပိ​ဿာ၊ အ​ခြား​တစ်​ယောက်​ကို​ရွှေ​တစ်​ပိ​ဿာ​စ​သည် ဖြင့်​ထို​သူ​တို့​၏​အ​ရည်​အ​ချင်း​အ​လိုက်​ပေး​အပ်​၏။ ထို​နောက်​နိုင်​ငံ​ရပ်​ခြား​သို့​ထွက်​ခွာ​သွား​လေ​သည်။-

16. ရွှေ​ငါး​ပိ​ဿာ​ရ​သူ​သည်​ချက်​ချင်း​ပင်​ကူး​သန်း ရောင်း​ဝယ်​မှု​ကို​ပြု​သ​ဖြင့်​အ​မြတ်​ရွှေ​ငါး​ပိ​ဿာ ကို​ရ​၏။-

17. ထို​နည်း​တူ​ပင်​ရွှေ​နှစ်​ပိ​ဿာ​ရ​သူ​သည်​လည်း အ​မြတ်​ရွှေ​နှစ်​ပိ​ဿာ​ကို​ရ​၏။-

မဿဲ 25