1. ``ထိုကာလ၌ကောင်းကင်နိုင်ငံတော်သည်မီးခွက် များကိုယူ၍ မင်္ဂလာဆောင်သတို့သားကိုကြိုဆို ရန်ထွက်သွားသည့်အပျိုရံဆယ်ယောက်တို့တွေ့ ကြုံရသည့်အဖြစ်အပျက်နှင့်တူလိမ့်မည်။-
2. သူတို့အနက်ငါးယောက်သည်ပညာသတိ ရှိ၏။ ငါးယောက်မူကားပညာသတိမရှိ။-
3. ပညာသတိမရှိသူတို့သည်မိမိတို့၏ မီးခွက်များကိုယူခဲ့သော်လည်းဆီပိုကို မူမယူခဲ့ကြ။-
4. ပညာသတိရှိသူများမူကားမိမိတို့၏ မီးခွက်များသာမကဆီပိုကိုလည်းဘူး တွင်ထည့်၍ယူခဲ့ကြ၏။-
5. မင်္ဂလာဆောင်သတို့သားသည်ရောက်လာရန် ကြန့်ကြာ၍နေသဖြင့်သူတို့အားလုံးငိုက် မျဉ်းအိပ်ပျော်ကုန်ကြ၏။
6. ``သန်းခေါင်ယံ၌`မင်္ဂလာဆောင်သတို့သားရောက် လာပြီ။ သွား၍ကြိုဆိုကြလော့' ဟူသောကြွေး ကြော်သံကိုကြားရကြ၏။-
7. ထိုအခါအပျိုရံအားလုံးတို့သည်ထ၍မိမိ ၏မီးခွက်များကိုအသင့်ပြင်ကြ၏။-
8. ပညာသတိမရှိသူများက `ငါတို့မီးငြိမ်း တော့မည်ဖြစ်၍ငါတို့ကိုဆီအနည်းငယ်ပေး ပါ' ဟုပညာသတိရှိသူတို့ထံတောင်းကြ၏။-