မဿဲ 24:40-44 Common Language Bible (BCL)

40. ထို​အ​ခါ​လယ်​ထဲ​တွင်​ရှိ​သူ​လူ​နှစ်​ယောက်​အ​နက် တစ်​ယောက်​ကို​သိမ်း​ယူ​၍​တစ်​ယောက်​ကို​ထား​ခဲ့ လတ္တံ့။-

41. ကြိတ်​ဆုံ​လှည့်​နေ​သူ​အ​မျိုး​သ​မီး​နှစ်​ယောက်​အ​နက် တစ်​ယောက်​ကို​သိမ်း​ယူ​၍​တစ်​ယောက်​ကို​ထား​ခဲ့​လတ္တံ့။-

42. သို့​ဖြစ်​၍​သ​တိ​နှင့်​စောင့်​နေ​ကြ​လော့။ သင်​တို့​၏ အ​ရှင်​သည်​အ​ဘယ်​အ​ခါ​ကြွ​လာ​တော်​မူ​မည် ကို​သင်​တို့​မ​သိ​ကြ။-

43. အ​ကယ်​၍​အိမ်​ရှင်​သည်​သူ​ခိုး​လာ​မည့်​အ​ချိန်​ကို သာ​သိ​ရ​လျှင်​သ​တိ​နှင့်​နေ​လျက် မိ​မိ​အိမ်​ကို သူ​ခိုး​ဖောက်​ခွင့်​ပြု​မည်​မ​ဟုတ်​ကြောင်း​သင်​တို့ သိ​မှတ်​ကြ​လော့။-

44. လူ​သား​သည်​သင်​တို့​မ​မျှော်​သော​အ​ချိန်​၌​ကြွ လာ​တော်​မူ​မည်​ဖြစ်​၍​သင်​တို့​သည်​လည်း​အ​မြဲ အ​ဆင်​သင့်​ရှိ​ကြ​လော့။

မဿဲ 24