မဿဲ 24:15-19 Common Language Bible (BCL)

15. ``ပ​ရော​ဖက်​ဒံ​ယေ​လ​ဟော​ကြား​ခဲ့​သည့်​ထိတ်​လန့် စက်​ဆုတ်​ဖွယ်​ကောင်း​သည့်​အ​ရာ​သည်​မ​ရှိ​အပ်​သည့် အ​ရပ်​တွင်​ရှိ​နေ​သည်​ကို​သင်​တို့​မြင်​ကြ​လိမ့်​မည်။ (စာ​ဖတ်​သူ​သည်​ဤ​အ​ချက်​ကို​သ​တိ​ပြု​အပ်​၏။)-

16. ထို​သို့​မြင်​ရ​သော​အ​ခါ​ယု​ဒ​ပြည်​ရှိ​လူ​တို့​သည် တောင်​များ​ပေါ်​သို့​ပြေး​ကြ​စေ။-

17. အိမ်​ခေါင်​မိုး​ပေါ်​တွင်​ရှိ​သူ​သည်​အိမ်​ထဲ​မှ​ဥစ္စာ ပစ္စည်း​များ​ကို​ယူ​ရန်​အောက်​သို့​မ​ဆင်း​စေ​နှင့်။-

18. လယ်​ထဲ​တွင်​ရှိ​သူ​သည်​လည်း​ဝတ်​လုံ​ယူ​ရန် အိမ်​သို့​မ​ပြန်​စေ​နှင့်။-

19. ထို​နေ့​ရက်​ကာ​လ​၌​ကိုယ်​ဝန်​ဆောင်​နှင့်​သား​ငယ် မိ​ခင်​တို့​အ​တွက်​အ​ကျိုး​နည်း​ပေ​တော့​မည်။-

မဿဲ 24