29. သခင်ယေရှုက ``သင်တို့သည်ကျမ်းစာတော်ကို နားမလည်ကြ။ ဘုရားသခင်၏တန်ခိုးတော် ကိုလည်းမသိကြ။ သို့ဖြစ်၍အယူလွဲလျက် နေကြ၏။-
30. လူတို့သည်သေခြင်းမှရှင်ပြန်ထမြောက်ကြသော အခါထိမ်းမြားစုံဖက်ခြင်းကိုမပြုတော့ပြီ။ သူ တို့သည်ကောင်းကင်တမန်များကဲ့သို့ဖြစ်ကြ လိမ့်မည်။-
31-32. သေလွန်သူတို့ရှင်ပြန်ထမြောက်ခြင်းရှိရမည် အကြောင်းနှင့်ပတ်သက်၍ `ငါသည်အာဗြဟံ၏ ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားပေတည်း' ဟုဘုရားသခင်မိန့်တော်မူသည်ကိုသင်တို့မဖတ် ဖူးကြသလော။ ကိုယ်တော်သည်သေလွန်သူတို့၏ ဘုရားမဟုတ်။ ရှင်နေသူတို့၏ဘုရားဖြစ်၏' ဟု မိန့်တော်မူ၏။
33. ထိုသွန်သင်ချက်ကိုလူပရိသတ်တို့ကြားသော အခါအံ့သြကြ၏။
34. ဇဒ္ဒုကဲတို့မချေပနိုင်အောင်ဤသို့သခင်ယေရှု ဖြေကြားတော်မူလိုက်ကြောင်းကိုဖာရိရှဲတို့ ကြားလျှင်အထံတော်သို့စုရုံးလာကြ၏။-
35-36. သူတို့အထဲမှကျမ်းတတ်ဆရာတစ်ယောက် က ``ဆရာတော်၊ ပညတ်ကျမ်းမှာအဘယ်ပညတ် သည်အကြီးမြတ်ဆုံးဖြစ်ပါသနည်း'' ဟုပရိ ယာယ်ဆင်၍မေးလျှောက်လေ၏။-
37-38. ကိုယ်တော်က ``သင်၏ဘုရားသခင်ထာဝရဘုရား ကိုစိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်း ရှိသမျှနှင့်ချစ်ရမည်ဟူသောပညတ်သည်ပထမ အကြီးမြတ်ဆုံးပညတ်ဖြစ်၏။-
39. ဒုတိယအကြီးမြတ်ဆုံးပညတ်ကား၊ အိမ်နီးချင်း ကိုကိုယ်နှင့်အမျှချစ်ရမည်ဟူသောပညတ် ဖြစ်၏။-
40. ဤပညတ်နှစ်ပါးတို့သည်မောရှေ၏ပညတ်ကျမ်း တစ်စောင်လုံးနှင့်ပရောဖက်ကျမ်းများ၏အချုပ် အခြာပင်ဖြစ်သတည်း'' ဟုမိန့်တော်မူသည်။
41-42. ဖာရိရှဲတို့စုရုံးမိကြသောအခါသခင်ယေရှု က ``မေရှိယကိုသင်တို့မည်သို့ထင်မြင်ယူဆ ကြသနည်း။ သူသည်မည်သူ၏သားမြေးဖြစ် သနည်း'' ဟုမေးတော်မူ၏။ထိုသူတို့က ``ဒါဝိဒ်၏သားမြေးဖြစ်ပါသည်'' ဟုလျှောက်ကြလျှင်၊
43. ကိုယ်တော်က ``သို့ဖြစ်ပါမူဒါဝိဒ်မင်းသည်သန့်ရှင်း သောဝိညာဉ်တော်၏နှိုးဆော်ချက်ဖြင့်မေရှိယကို အရှင်ဟုအဘယ်ကြောင့်ခေါ်ပါသနည်း။ဒါဝိဒ်မင်းကြီးက၊
44. `သင့်ရန်သူများကိုသင်၏ခြေဖဝါးအောက်သို့ ရောက်စေရမည်။ယင်းသို့မရောက်စေသေးမီကာလအတွင်း ငါ၏လက်ယာဘက်တွင်ထိုင်နေလော့ဟုဘုရားသခင်ကငါ၏အရှင်အားမိန့်တော်မူသည်'ဟုမြွက်ဆိုခဲ့၏။