မဿဲ 22:25-34 Common Language Bible (BCL)

25. အကျွန်ုပ်​တို့​တွင်​ညီ​အစ်​ကို​ခု​နစ်​ယောက်​ရှိ​ပါ​၏။ အစ်​ကို​ကြီး​သည်​အိမ်​ထောင်​ကျ​ပြီး​နောက်​သေ​ဆုံး သွား​ပါ​၏။ သား​သ​မီး​မ​ရ​သ​ဖြင့်​သူ​၏​ဇနီး​ကို ညီ​ဖြစ်​သူ​က​ဆက်​ခံ​ခဲ့​ပါ​၏။-

26. ဒု​တိ​ယ​ညီ၊ တ​တိ​ယ​ညီ​စ​သည်​ဖြင့်​ညီ​အစ်​ကို ခု​နစ်​ယောက်​စ​လုံး​ပင်​ထို​အ​မျိုး​သ​မီး​နှင့်​စုံ ဖက်​ပြီး​နောက်​သား​သ​မီး​မ​ရ​ဘဲ​သေ​ဆုံး​ကြ ပါ​၏။-

27. နောက်​ဆုံး​၌​အ​မျိုး​သ​မီး​သည်​လည်း​သေ​ပါ​၏။-

28. သို့​ဖြစ်​၍​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​ရာ​နေ့​၌ အ​မျိုး​သ​မီး​သည်​ညီ​အစ်​ကို​ခုနစ်​ယောက်​အ​နက် မည်​သူ​၏​ဇ​နီး​ဖြစ်​ပါ​မည်​နည်း'' ဟု​မေး​လျှောက် ကြ​၏။

29. သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​ကျမ်း​စာ​တော်​ကို နား​မ​လည်​ကြ။ ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော် ကို​လည်း​မ​သိ​ကြ။ သို့​ဖြစ်​၍​အ​ယူ​လွဲ​လျက် နေ​ကြ​၏။-

30. လူ​တို့​သည်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​ကြ​သော အ​ခါ​ထိမ်း​မြား​စုံ​ဖက်​ခြင်း​ကို​မ​ပြု​တော့​ပြီ။ သူ တို့​သည်​ကောင်း​ကင်​တ​မန်​များ​ကဲ့​သို့​ဖြစ်​ကြ လိမ့်​မည်။-

31-32. သေ​လွန်​သူ​တို့​ရှင်​ပြန်​ထ​မြောက်​ခြင်း​ရှိ​ရ​မည် အ​ကြောင်း​နှင့်​ပတ်​သက်​၍ `ငါ​သည်​အာဗြဟံ​၏ ဘု​ရား၊ ဣဇက်​၏​ဘု​ရား၊ ယာ​ကုပ်​၏​ဘု​ရား​ပေ​တည်း' ဟု​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သည်​ကို​သင်​တို့​မ​ဖတ် ဖူး​ကြ​သ​လော။ ကိုယ်​တော်​သည်​သေ​လွန်​သူ​တို့​၏ ဘု​ရား​မ​ဟုတ်။ ရှင်​နေ​သူ​တို့​၏​ဘု​ရား​ဖြစ်​၏' ဟု မိန့်​တော်​မူ​၏။

33. ထို​သွန်​သင်​ချက်​ကို​လူ​ပ​ရိ​သတ်​တို့​ကြား​သော အ​ခါ​အံ့​သြ​ကြ​၏။

34. ဇဒ္ဒု​ကဲ​တို့​မ​ချေ​ပ​နိုင်​အောင်​ဤ​သို့​သခင်​ယေရှု ဖြေ​ကြား​တော်​မူ​လိုက်​ကြောင်း​ကို​ဖာ​ရိ​ရှဲ​တို့ ကြား​လျှင်​အ​ထံ​တော်​သို့​စု​ရုံး​လာ​ကြ​၏။-

မဿဲ 22