21. သူတို့က ``ဧကရာဇ်၏ရုပ်ပုံ၊ ဧကရာဇ်ဘုရင်ကမ္ပည်း လိပ်စာဖြစ်ပါသည်'' ဟုပြန်လျှောက်ကြ၏။ထိုအခါကိုယ်တော်က ``ဧကရာဇ်ဘုရင်ပိုင်သည့် အရာကိုဧကရာဇ်ဘုရင်အားဆက်ကြလော့။ ဘုရားသခင်ပိုင်သည့်အရာကိုဘုရားသခင် အားဆက်ကြလော့'' ဟုမိန့်တော်မူ၏။
22. ထိုသူတို့သည်ထိုစကားကိုကြားလျှင်လွန် စွာအံ့သြကြ၏။ ထိုနောက်ကိုယ်တော်၏ထံမှ ထွက်ခွာသွားကြ၏။
23. ထိုနေ့၌ပင်ဇဒ္ဒုကဲအချို့တို့သည်အထံတော် သို့လာကြ၏။ သူတို့ကသေခြင်းမှရှင်ပြန် ထမြောက်ခြင်းဟူသည်မရှိဟုခံယူယုံ ကြည်ကြသူများဖြစ်၏။-
24. သူတို့က ``ဆရာတော်၊ လူတစ်စုံတစ်ယောက်သည် သားသမီးမရဘဲသေဆုံးသွားလျှင်သူ၏ မုဆိုးမကိုညီဖြစ်သူကဆက်ခံထိမ်းမြားရ မည်။ ရသောသားသမီးများအားဖြင့်အစ်ကို ၏အမျိုးကိုမပြတ်စေရဟုမောရှေမိန့်မှာ ခဲ့ပါ၏။-
25. အကျွန်ုပ်တို့တွင်ညီအစ်ကိုခုနစ်ယောက်ရှိပါ၏။ အစ်ကိုကြီးသည်အိမ်ထောင်ကျပြီးနောက်သေဆုံး သွားပါ၏။ သားသမီးမရသဖြင့်သူ၏ဇနီးကို ညီဖြစ်သူကဆက်ခံခဲ့ပါ၏။-
26. ဒုတိယညီ၊ တတိယညီစသည်ဖြင့်ညီအစ်ကို ခုနစ်ယောက်စလုံးပင်ထိုအမျိုးသမီးနှင့်စုံ ဖက်ပြီးနောက်သားသမီးမရဘဲသေဆုံးကြ ပါ၏။-
27. နောက်ဆုံး၌အမျိုးသမီးသည်လည်းသေပါ၏။-
28. သို့ဖြစ်၍သေခြင်းမှရှင်ပြန်ထမြောက်ရာနေ့၌ အမျိုးသမီးသည်ညီအစ်ကိုခုနစ်ယောက်အနက် မည်သူ၏ဇနီးဖြစ်ပါမည်နည်း'' ဟုမေးလျှောက် ကြ၏။