မဿဲ 22:18-29 Common Language Bible (BCL)

18. သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​သည်​သူ​တို့​၏​ဆိုး​ညစ် သော​အ​ကြံ​အ​စည်​ကို​သိ​တော်​မူ​သ​ဖြင့် ``ကြောင် သူ​တော်​တို့၊ သင်​တို့​သည်​အ​ဘယ်​ကြောင့်​ငါ့​အား ပ​ရိ​ယာယ်​ဆင်​၍​မေး​မြန်း​ကြ​သ​နည်း။-

19. အ​ခွန်​တော်​ပေး​ဆောင်​ရန်​ငွေ​ဒင်္ဂါး​တစ်​ပြား​ကို ငါ့​အား​ပြ​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။သူ​တို့​သည်​ဒေ​နာ​ရိ​တစ်​ပြား​ကို​ယူ​ခဲ့​ကြ​၏။-

20. ကိုယ်​တော်​က ``ဤ​ရုပ်​ပုံ၊ ဤ​ကမ္ပည်း​လိပ်​စာ​သည်​မည် သူ့​ရုပ်​ပုံ၊ မည်​သူ့​ကမ္ပည်း​လိပ်​စာ​ဖြစ်​သ​နည်း'' ဟု မေး​တော်​မူ​၏။

21. သူ​တို့​က ``ဧက​ရာဇ်​၏​ရုပ်​ပုံ၊ ဧ​က​ရာဇ်​ဘု​ရင်​ကမ္ပည်း လိပ်​စာ​ဖြစ်​ပါ​သည်'' ဟု​ပြန်​လျှောက်​ကြ​၏။ထို​အ​ခါ​ကိုယ်​တော်​က ``ဧ​က​ရာဇ်​ဘု​ရင်​ပိုင်​သည့် အ​ရာ​ကို​ဧ​က​ရာဇ်​ဘု​ရင်​အား​ဆက်​ကြ​လော့။ ဘု​ရား​သ​ခင်​ပိုင်​သည့်​အ​ရာ​ကို​ဘု​ရား​သခင် အား​ဆက်​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။

22. ထို​သူ​တို့​သည်​ထို​စ​ကား​ကို​ကြား​လျှင်​လွန် စွာ​အံ့​သြ​ကြ​၏။ ထို​နောက်​ကိုယ်​တော်​၏​ထံ​မှ ထွက်​ခွာ​သွား​ကြ​၏။

23. ထို​နေ့​၌​ပင်​ဇဒ္ဒု​ကဲ​အ​ချို့​တို့​သည်​အ​ထံ​တော် သို့​လာ​ကြ​၏။ သူ​တို့​က​သေ​ခြင်း​မှ​ရှင်​ပြန် ထ​မြောက်​ခြင်း​ဟူ​သည်​မ​ရှိ​ဟု​ခံ​ယူ​ယုံ ကြည်​ကြ​သူ​များ​ဖြစ်​၏။-

24. သူ​တို့​က ``ဆ​ရာ​တော်၊ လူ​တစ်​စုံ​တစ်​ယောက်​သည် သား​သ​မီး​မ​ရ​ဘဲ​သေ​ဆုံး​သွား​လျှင်​သူ​၏ မု​ဆိုး​မ​ကို​ညီ​ဖြစ်​သူ​က​ဆက်​ခံ​ထိမ်း​မြား​ရ မည်။ ရ​သော​သား​သ​မီး​များ​အား​ဖြင့်​အစ်​ကို ၏​အ​မျိုး​ကို​မ​ပြတ်​စေ​ရ​ဟု​မော​ရှေ​မိန့်​မှာ ခဲ့​ပါ​၏။-

25. အကျွန်ုပ်​တို့​တွင်​ညီ​အစ်​ကို​ခု​နစ်​ယောက်​ရှိ​ပါ​၏။ အစ်​ကို​ကြီး​သည်​အိမ်​ထောင်​ကျ​ပြီး​နောက်​သေ​ဆုံး သွား​ပါ​၏။ သား​သ​မီး​မ​ရ​သ​ဖြင့်​သူ​၏​ဇနီး​ကို ညီ​ဖြစ်​သူ​က​ဆက်​ခံ​ခဲ့​ပါ​၏။-

26. ဒု​တိ​ယ​ညီ၊ တ​တိ​ယ​ညီ​စ​သည်​ဖြင့်​ညီ​အစ်​ကို ခု​နစ်​ယောက်​စ​လုံး​ပင်​ထို​အ​မျိုး​သ​မီး​နှင့်​စုံ ဖက်​ပြီး​နောက်​သား​သ​မီး​မ​ရ​ဘဲ​သေ​ဆုံး​ကြ ပါ​၏။-

27. နောက်​ဆုံး​၌​အ​မျိုး​သ​မီး​သည်​လည်း​သေ​ပါ​၏။-

28. သို့​ဖြစ်​၍​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​ရာ​နေ့​၌ အ​မျိုး​သ​မီး​သည်​ညီ​အစ်​ကို​ခုနစ်​ယောက်​အ​နက် မည်​သူ​၏​ဇ​နီး​ဖြစ်​ပါ​မည်​နည်း'' ဟု​မေး​လျှောက် ကြ​၏။

29. သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​ကျမ်း​စာ​တော်​ကို နား​မ​လည်​ကြ။ ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော် ကို​လည်း​မ​သိ​ကြ။ သို့​ဖြစ်​၍​အ​ယူ​လွဲ​လျက် နေ​ကြ​၏။-

မဿဲ 22