16. သူတို့သည်မိမိတို့၏တပည့်များကိုဟေရုဒ် ၏ပါတီဝင်အချို့နှင့်အတူအထံတော်သို့ စေလွှတ်ပြီးလျှင် ``ဆရာတော်၊ အရှင်သည်သစ္စာ ရှိတော်မူ၍ဘုရားသခင်၏တရားလမ်းကို ဟုတ်မှန်သည်အတိုင်းသွန်သင်တော်မူပါ၏။ လူ တို့အဘယ်သို့ထင်မြင်ကြသည်ကိုအမှုမ ထားပါ။ လူ့မျက်နှာကိုလည်းထောက်တော်မမူပါ။-
17. သို့ဖြစ်၍အရှင်အဘယ်သို့ထင်မြင်သည်ကို အကျွန်ုပ်တို့အားမိန့်တော်မူပါ။ ရောမဧကရာဇ် ဘုရင်အားအခွန်ဆက်အပ်ပါသလော၊ မဆက် အပ်ပါသလော'' ဟုမေးလျှောက်ကြ၏။
18. သို့ရာတွင်သခင်ယေရှုသည်သူတို့၏ဆိုးညစ် သောအကြံအစည်ကိုသိတော်မူသဖြင့် ``ကြောင် သူတော်တို့၊ သင်တို့သည်အဘယ်ကြောင့်ငါ့အား ပရိယာယ်ဆင်၍မေးမြန်းကြသနည်း။-
19. အခွန်တော်ပေးဆောင်ရန်ငွေဒင်္ဂါးတစ်ပြားကို ငါ့အားပြကြလော့'' ဟုမိန့်တော်မူ၏။သူတို့သည်ဒေနာရိတစ်ပြားကိုယူခဲ့ကြ၏။-
20. ကိုယ်တော်က ``ဤရုပ်ပုံ၊ ဤကမ္ပည်းလိပ်စာသည်မည် သူ့ရုပ်ပုံ၊ မည်သူ့ကမ္ပည်းလိပ်စာဖြစ်သနည်း'' ဟု မေးတော်မူ၏။