1. သခင်ယေရှုသည်ပုံဥပမာဆောင်၍ထိုသူ တို့အားမိန့်တော်မူပြန်၏။-
2. ကိုယ်တော်က ``ကောင်းကင်နိုင်ငံတော်သည်သား တော်အတွက်မင်္ဂလာဆောင်ဧည့်ခံပွဲကိုပြင်ဆင် ထားသည့်ဘုရင်တစ်ပါးကြုံတွေ့ရသည့်အဖြစ် အပျက်နှင့်တူ၏။-
3. မင်းကြီးသည်ဖိတ်ကြားထားသူများထံသို့မင်း စေတို့ကိုလွှတ်၍ခေါ်ဖိတ်စေ၏။ သို့ရာတွင်သူတို့ သည်မလာလိုကြ။-
4. မင်းကြီးက `ငါ၏ညစာစားပွဲအသင့်ရှိပြီ။ နွား အစရှိသည့်ဆူဖြိုးသောတိရစ္ဆာန်များကိုလည်း သတ်ပြီးပြီ။ အားလုံးအဆင်သင့်ရှိပြီဖြစ်၍ မင်္ဂလာဆောင်ပွဲသို့ကြွရောက်ကြပါ' ဟုဖိတ် ကြားထားသူတို့အားပြောကြလော့ဟူ၍ အခြားမင်းစေတို့အားလွှတ်တော်မူ၏။-
5. သို့ရာတွင်ဖိတ်ကြားထားသူတို့သည်မင်းစေ တို့ကိုဂရုမစိုက်ဘဲတစ်ယောက်ကလယ်တော သို့လည်းကောင်း၊ အခြားတစ်ယောက်ကမိမိ ကုန်သွယ်ရာသို့လည်းကောင်းသွားကြ၏။-
6. ကျန်သောသူများကမင်းစေတို့ကိုဖမ်း၍ ရိုက်နှက်သတ်ဖြတ်ကြ၏။-
31-32. သေလွန်သူတို့ရှင်ပြန်ထမြောက်ခြင်းရှိရမည် အကြောင်းနှင့်ပတ်သက်၍ `ငါသည်အာဗြဟံ၏ ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားပေတည်း' ဟုဘုရားသခင်မိန့်တော်မူသည်ကိုသင်တို့မဖတ် ဖူးကြသလော။ ကိုယ်တော်သည်သေလွန်သူတို့၏ ဘုရားမဟုတ်။ ရှင်နေသူတို့၏ဘုရားဖြစ်၏' ဟု မိန့်တော်မူ၏။
35-36. သူတို့အထဲမှကျမ်းတတ်ဆရာတစ်ယောက် က ``ဆရာတော်၊ ပညတ်ကျမ်းမှာအဘယ်ပညတ် သည်အကြီးမြတ်ဆုံးဖြစ်ပါသနည်း'' ဟုပရိ ယာယ်ဆင်၍မေးလျှောက်လေ၏။-
37-38. ကိုယ်တော်က ``သင်၏ဘုရားသခင်ထာဝရဘုရား ကိုစိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်း ရှိသမျှနှင့်ချစ်ရမည်ဟူသောပညတ်သည်ပထမ အကြီးမြတ်ဆုံးပညတ်ဖြစ်၏။-
41-42. ဖာရိရှဲတို့စုရုံးမိကြသောအခါသခင်ယေရှု က ``မေရှိယကိုသင်တို့မည်သို့ထင်မြင်ယူဆ ကြသနည်း။ သူသည်မည်သူ၏သားမြေးဖြစ် သနည်း'' ဟုမေးတော်မူ၏။ထိုသူတို့က ``ဒါဝိဒ်၏သားမြေးဖြစ်ပါသည်'' ဟုလျှောက်ကြလျှင်၊