မဿဲ 22:1-12 Common Language Bible (BCL)

1. သ​ခင်​ယေ​ရှု​သည်​ပုံ​ဥ​ပ​မာ​ဆောင်​၍​ထို​သူ တို့​အား​မိန့်​တော်​မူ​ပြန်​၏။-

2. ကိုယ်​တော်​က ``ကောင်း​ကင်​နိုင်​ငံ​တော်​သည်​သား တော်​အ​တွက်​မင်္ဂ​လာ​ဆောင်​ဧည့်​ခံ​ပွဲ​ကို​ပြင်​ဆင် ထား​သည့်​ဘု​ရင်​တစ်​ပါး​ကြုံ​တွေ့​ရ​သည့်​အ​ဖြစ် အ​ပျက်​နှင့်​တူ​၏။-

3. မင်း​ကြီး​သည်​ဖိတ်​ကြား​ထား​သူ​များ​ထံ​သို့​မင်း စေ​တို့​ကို​လွှတ်​၍​ခေါ်​ဖိတ်​စေ​၏။ သို့​ရာ​တွင်​သူ​တို့ သည်​မ​လာ​လို​ကြ။-

4. မင်း​ကြီး​က `ငါ​၏​ည​စာ​စား​ပွဲ​အ​သင့်​ရှိ​ပြီ။ နွား အ​စ​ရှိ​သည့်​ဆူ​ဖြိုး​သော​တိ​ရစ္ဆာန်​များ​ကို​လည်း သတ်​ပြီး​ပြီ။ အား​လုံး​အ​ဆင်​သင့်​ရှိ​ပြီ​ဖြစ်​၍ မင်္ဂ​လာ​ဆောင်​ပွဲ​သို့​ကြွ​ရောက်​ကြ​ပါ' ဟု​ဖိတ် ကြား​ထား​သူ​တို့​အား​ပြော​ကြ​လော့​ဟူ​၍ အ​ခြား​မင်း​စေ​တို့​အား​လွှတ်​တော်​မူ​၏။-

5. သို့​ရာ​တွင်​ဖိတ်​ကြား​ထား​သူ​တို့​သည်​မင်း​စေ တို့​ကို​ဂ​ရု​မ​စိုက်​ဘဲ​တစ်​ယောက်​က​လယ်​တော သို့​လည်း​ကောင်း၊ အ​ခြား​တစ်​ယောက်​က​မိ​မိ ကုန်​သွယ်​ရာ​သို့​လည်း​ကောင်း​သွား​ကြ​၏။-

6. ကျန်​သော​သူ​များ​က​မင်း​စေ​တို့​ကို​ဖမ်း​၍ ရိုက်​နှက်​သတ်​ဖြတ်​ကြ​၏။-

7. မင်း​ကြီး​သည်​လွန်​စွာ​အ​မျက်​ထွက်​၍​စစ်​သား များ​ကို​စေ​လွှတ်​ပြီး​လျှင်​ထို​လူ​သတ်​သ​မား တို့​ကို​သုတ်​သင်​စေ​၏။ သူ​တို့​၏​မြို့​ကို​လည်း မီး​ရှို့​စေ​၏။-

8. ထို​နောက်​မင်း​စေ​တို့​ကို​ခေါ်​ပြီး​လျှင်​မင်္ဂ​လာ​ဆောင် ဧည့်​ခံ​ပွဲ​သည်​အ​သင့်​ရှိ​ပြီ​ဖြစ်​သော်​လည်း​ဖိတ် ကြား​ခြင်း​ခံ​ရ​သူ​တို့​သည်​ထို​ပွဲ​နှင့်​မ​ထိုက်​မ​တန် ကြ​သ​ဖြင့်၊-

9. `လမ်း​မ​ကြီး​များ​သို့​သွား​၍​သင်​တို့​တွေ့​ရှိ​သ​မျှ သော​သူ​တို့​ကို​ခေါ်​ဖိတ်​ကြ​လော့' ဟု​မိန့်​တော်​မူ​၏။-

10. မင်း​စေ​တို့​သည်​လမ်း​များ​သို့​သွား​၍​တွေ့​ရှိ​သ​မျှ သော​လူ​ဆိုး​လူ​ကောင်း​တို့​ကို​ခေါ်​ဆောင်​ခဲ့​ကြ​၏။ သို့​ဖြစ်​၍​မင်္ဂ​လာ​ဆောင်​ပွဲ​ခန်း​မ​သည်​ဧည့်​သည် များ​ဖြင့်​ပြည့်​၍​နေ​လေ​၏။''

11. ``မင်း​ကြီး​သည်​ဧည့်​သည်​များ​ကို​ကြည့်​ရှု​ရန် ကြွ​လာ​သော​အ​ခါ မင်္ဂ​လာ​ဆောင်​ပွဲ​ထိုင်​ဝတ်​စုံ ကို​ဝတ်​ဆင်​မ​ထား​သူ​လူ​တစ်​ယောက်​ကို​မြင် တော်​မူ​သ​ဖြင့် `အ​ဆွေ​သင်​သည်​ပွဲ​ထိုင်​ဝတ်​စုံ ကို​မ​ဝတ်​မ​ဆင်​ဘဲ​အ​ဘယ်​ကြောင့်​လာ​ပါ သ​နည်း' ဟု​မေး​တော်​မူ​၏။-

12. သို့​ရာ​တွင်​ထို​သူ​သည်​မ​ဖြေ​နိုင်​ဘဲ​ရှိ​နေ​၏။-

မဿဲ 22