8. လူပရိသတ်တို့သည်လည်းမိမိတို့၏ဝတ်လုံ များကိုလမ်းပေါ်မှာဖြန့်ခင်းကြ၏။ လူအချို့ တို့သည်သစ်ပင်များမှအကိုင်းအခက်များ ကိုခုတ်၍လမ်းပေါ်မှာခင်းကြ၏။-
9. ကိုယ်တော်၏ရှေ့နောက်လိုက်ပါလာကြသူလူ အပေါင်းတို့က ``ဒါဝိဒ်၏သားတော်အားဂုဏ် တော်ကိုချီးကူးကြလော့။ ထာဝရဘုရား၏ နာမတော်နှင့်ကြွလာသောအရှင်သည်မင်္ဂလာ ရှိစေသတည်း။ ဘုရားသခင်၏ဂုဏ်တော်ကို ချီးကူးကြစေသတည်း'' ဟုကြွေးကြော်ကြ ကုန်၏။
10. ယေရုရှလင်မြို့သို့ကိုယ်တော်ဝင်သောအခါ တစ်မြို့လုံးအုတ်အုတ်သဲသဲဖြစ်ပြီးလျှင် လူတို့ က ``ဤသူကားအဘယ်သူနည်း'' ဟုမေးမြန်း ကြ၏။
11. လူပရိသတ်များက ``ဤသူသည်ဂါလိလဲ ပြည်နာဇရက်မြို့သားပရောဖက်ယေရှုဖြစ် သည်'' ဟုဖြေကြားကြ၏။
12. သခင်ယေရှုသည်ဗိမာန်တော်သို့ဝင်တော်မူ၍ ဗိမာန်တော်အတွင်းမှရောင်းဝယ်နေသူတို့ကို နှင်ထုတ်တော်မူ၏။ ငွေလဲလှယ်သူတို့၏စားပွဲ များနှင့်ချိုးငှက်ရောင်းသူတို့၏ထိုင်ခုံများကို မှောက်လှန်ပစ်တော်မူ၏။-