4-5. ဤအခြင်းအရာကား ``သင်တို့၏ရှင်ဘုရင်သည် သင်တို့ထံသို့ကြွလာတော်မူပြီ။ထိုအရှင်သည်နူးညံ့သိမ်မွေ့တော်မူသဖြင့် မြည်းကိုစီးတော်မူ၏။ဝန်ဆောင်တိရစ္ဆာန်၏သား၊မြည်းကလေးကိုစီး တော်မူ၏ဟုဇိအုန်မြို့အားပြောကြားကြလော့''ဟူ၍ပရောဖက်မြွက်ဆိုခဲ့သည့်အတိုင်း ဖြစ်ပျက်ခြင်းပင်တည်း။
31. သို့သော်လည်းမသွားဘဲနေ၏။ ထိုသားနှစ်ယောက် တို့တွင်အဘယ်သူသည်ဖခင်၏စကားကိုနား ထောင်ပါသနည်း'' ဟုမေးတော်မူ၏။ထိုသူတို့က ``သားကြီးနားထောင်ပါသည်'' ဟု ဖြေကြားကြ၏။သခင်ယေရှုက ``အမှန်အကန်သင်တို့အားငါဆို သည်ကား၊ အခွန်ခံသူများနှင့်ပြည့်တန်ဆာများ သည်သင်တို့အလျင်ကောင်းကင်နိုင်ငံတော်သို့ဝင် ကြလိမ့်မည်။-
32. ယောဟန်သည်သင်တို့ထံလာ၍လမ်းမှန်ကိုညွှန်ပြ သော်လည်းသင်တို့သည်သူ့ကိုမယုံကြည်ကြ။ သို့ ရာတွင်အခွန်ခံသူများနှင့်ပြည့်တန်ဆာများမူ ကားယုံကြည်ကြ၏။ ဤအခြင်းအရာကိုတွေ့မြင် ရကြသောအခါ၌ပင်လျှင် သင်တို့သည်စိတ်ပြောင်း လဲ၍ယောဟန်ကိုယုံကြည်လာခြင်းမရှိကြ။''
33. ``အခြားပုံဥပမာတစ်ခုကိုနားထောင်ကြဦး လော့။ စပျစ်ဥယျာဉ်တစ်ခုကိုစိုက်ပျိုးသည့်မြေ ပိုင်ရှင်တစ်ယောက်ရှိ၏။ သူသည်ခြံဝင်းကာ၍ စပျစ်သီးနယ်ရာကျင်းကိုတူး၏။ မျှော်စင်တစ်ခု ကိုလည်းဆောက်လုပ်၏။ ထိုနောက်မိမိ၏ဥယျာဉ် ကိုခြံသမားတို့အားသီးစားချ၍နိုင်ငံရပ် ခြားသို့ထွက်သွား၏။-
34. စပျစ်သီးပေါ်ချိန်နီးကပ်လာသောအခါမိမိ ၏လုပ်သားများကိုခြံသမားတို့ထံသို့စေလွှတ် ၍ သီးစားခစပျစ်သီးများကိုတောင်းခံစေ၏။-
35. ခြံသမားတို့သည်လုပ်သားများကိုဖမ်း၍ရိုက် သူကိုရိုက်၊ သတ်သူကိုသတ်၊ ခဲနှင့်ပေါက်သူကို ပေါက်ကြ၏။-
36. ထိုနောက်ဥယျာဉ်ရှင်သည်ပထမအကြိမ်ထက် လုပ်သားများကိုပို၍စေလွှတ်၏။ သို့ရာတွင် ခြံသမားတို့သည်ထိုလုပ်သားများကိုလည်း ရှေးနည်းတူပြုကြပြန်၏။-
37. နောက်ဆုံး၌သူသည် `ငါ၏သားကိုမူထိုသူတို့ လေးစားကြရာ၏' ဟုဆိုလျက်မိမိ၏သား ကိုခြံသမားတို့ထံသို့စေလွှတ်၏။-
38. သို့သော်ထိုသူတို့သည်ဥယျာဉ်ရှင်၏သားကို မြင်သောအခါ `ဤသူသည်အမွေစားအမွေခံ ဖြစ်၏။ လာကြ။ သူ့ကိုသတ်၍သူ့အမွေဥစ္စာ ကိုယူကြကုန်အံ့' ဟုအချင်းချင်းတိုင်ပင် ပြီးနောက်၊-
39. သူ့ကိုဖမ်းပြီးဥယျာဉ်အပြင်သို့ထုတ်၍ သတ်ကြ၏။
40. သို့ဖြစ်၍ဥယျာဉ်ရှင်ရောက်ရှိလာသောအခါ ခြံသမားတို့အားအဘယ်သို့ပြုလိမ့်မည်နည်း'' ဟုမေးတော်မူ၏။
41. လူတို့က ``ဥယျာဉ်ရှင်သည်ထိုဆိုးသွမ်းသော သူတို့ကိုအမှန်ပင်သတ်ပစ်ပါလိမ့်မည်။ ဥယျာဉ် ကိုလည်းစပျစ်သီးပေါ်ချိန်၌သီးစားခမှန်မှန် ပေးမည့်အခြားခြံသမားတို့အားပေးအပ်ပါ လိမ့်မည်'' ဟုဖြေကြားကြ၏။