မဿဲ 21:19-30 Common Language Bible (BCL)

19. လမ်း​အ​နီး​တွင်​သ​င်္ဘော​သ​ဖန်း​ပင်​တစ်​ပင်​ကို မြင်​သ​ဖြင့်​ထို​အ​ပင်​ရှိ​ရာ​သို့​ကြွ​တော်​မူ​၏။ အ​ပင်​ပေါ်​တွင်​အ​ရွက်​များ​ကို​သာ​တွေ့​တော်​မူ လျှင်​ကိုယ်​တော်​သည်​ထို​အ​ပင်​အား ``သင်​သည် နောင်​အ​ဘယ်​အ​ခါ​၌​မျှ​အ​သီး​မ​သီး​စေ​နှင့်'' ဟု​မိန့်​တော်​မူ​၏။ သင်္ဘော​သ​ဖန်း​ပင်​သည်​လည်း ချက်​ချင်း​ပင်​ညှိုး​နွမ်း​ခြောက်​သွေ့​သွား​လေ​၏။

20. ထို​အ​ခြင်း​အ​ရာ​ကို​တ​ပည့်​တော်​တို့​မြင်​လျှင် လွန်​စွာ​အံ့​သြ​ကြ​သ​ဖြင့် ``သင်္ဘော​သ​ဖန်း​ပင် သည်​အ​ဘယ်​သို့​လျှင်​ချက်​ချင်း​ညှိုး​နွမ်း​ခြောက် သွေ့​သွား​ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။

21. သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား ငါ​ဆို​သည်​ကား၊ သင်​တို့​သည်​သံ​သ​ယ​ကင်း သော​ယုံ​ကြည်​ခြင်း​ရှိ​လျှင်​သ​င်္ဘော​သ​ဖန်း​ပင် ကို​ငါ​ပြု​သ​ကဲ့​သို့​ပြု​နိုင်​လိမ့်​မည်။ ထို​မျှ​မ​က ဤ​တောင်​အား `ဤ​နေ​ရာ​မှ​ရွေ့​၍​ပင်​လယ်​ထဲ သို့​သက်​ဆင်း​လော့' ဟု​ဆို​လျှင်​ဆို​သည့်​အ​တိုင်း ဖြစ်​လိမ့်​မည်။-

22. သင်​တို့​သည်​ယုံ​ကြည်​ခြင်း​ဖြင့်​တောင်း​လျှောက် လျှင်​တောင်း​လျှောက်​သ​မျှ​တို့​ကို​ရ​ရှိ​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

23. ကိုယ်​တော်​သည်​ဗိ​မာန်​တော်​သို့​ပြန်​လည်​ကြွ​လာ တော်​မူ​၍​ဟော​ပြော​သွန်​သင်​တော်​မူ​စဉ်​ယဇ်​ပု​ရော ဟိတ်​ကြီး​များ​နှင့်​ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​ပြီး​လျှင် ``အ​ရှင်​သည် ဤ​အ​မှု​အ​ရာ​များ​ကို​အ​ဘယ်​အ​ခွင့်​အာ​ဏာ​နှင့် ပြု​တော်​မူ​ပါ​သ​နည်း။ ထို​အ​ခွင့်​အာ​ဏာ​ကို​အ​ရှင့် အား​အ​ဘယ်​သူ​ပေး​အပ်​ပါ​သ​နည်း'' ဟု​မေး လျှောက်​ကြ​၏။

24. သ​ခင်​ယေ​ရှု​က ``သင်​တို့​အား​မေး​ခွန်း​တစ်​ခု​ကို ငါ​မေး​မည်။ ထို​မေး​ခွန်း​ကို​သင်​တို့​ဖြေ​ကြား​ကြ ပါ​လျှင် ဤ​အ​မှု​အ​ရာ​များ​ကို​အ​ဘယ်​အ​ခွင့် အာ​ဏာ​နှင့်​ငါ​ပြု​သည်​ကို​ငါ​ပြော​မည်။-

25. ယော​ဟန်​ဗတ္တိ​ဇံ​မင်္ဂလာ​ပေး​သည်​မှာ​ဘု​ရား​သ​ခင်​၏ အ​ခွင့်​အာ​ဏာ​နှင့်​ပေး​သ​လော။ လူ​တို့​၏​အ​ခွင့် အာ​ဏာ​နှင့်​ပေး​သ​လော'' ဟု​မေး​တော်​မူ​၏။သူ​တို့​သည် ``အ​ကယ်​၍​ဘု​ရား​သ​ခင်​၏​အ​ခွင့် အာ​ဏာ​နှင့်​ပေး​သည်​ဟု​ငါ​တို့​ဆို​လျှင်​ယော​ဟန် ကို​သင်​တို့​အ​ဘယ်​ကြောင့်​မ​ယုံ​ကြည်​ကြ သ​နည်း​ဟု​မေး​လိမ့်​မည်။-

26. သို့​ရာ​တွင်​လူ​တို့​၏​အ​ခွင့်​အာ​ဏာ​နှင့်​ပေး​သည် ဟု​ဆို​ရ​မည်​မှာ​လည်း​လူ​အ​ပေါင်း​တို့​သည်​ယော​ဟန် ကို ပ​ရော​ဖက်​တစ်​ပါး​ဟု​ယုံ​ကြည်​ကြ​သ​ဖြင့်​လူ ပ​ရိ​သတ်​ကို​ငါ​တို့​ကြောက်​ရ​၏'' ဟု​အ​ချင်း​ချင်း ဆွေး​နွေး​ကြ​၏။-

27. သို့​ဖြစ်​၍​သူ​တို့​က ``အ​ကျွန်ုပ်​တို့​မ​သိ​ပါ'' ဟု ပြန်​လည်​လျှောက်​ထား​ကြ​၏။ထို​အ​ခါ​ကိုယ်​တော်​က ``ငါ​ပြု​သည့်​အ​မှု​အ​ရာ များ​ကို​အ​ဘယ်​အ​ခွင့်​အာ​ဏာ​နှင့်​ပြု​သည်​ကို လည်း​သင်​တို့​အား​ငါ​မ​ပြော'' ဟု​မိန့်​တော်​မူ​၏။

28. ထို​နောက်​ကိုယ်​တော်​က ``သင်​တို့​သည်​အ​ဘယ်​သို့ ထင်​မှတ်​ကြ​သ​နည်း။ လူ​တစ်​ယောက်​မှာ​သား​နှစ် ယောက်​ရှိ​၏။ သူ​သည်​သား​ကြီး​ထံ​သို့​သွား​ပြီး လျှင်`ငါ့​သား၊ ယ​နေ့​စ​ပျစ်​ဥ​ယျာဉ်​သို့​သွား​၍ လုပ်​ဆောင်​ပါ​လော့' ဟု​ဆို​၏။-

29. သား​ကြီး​က `အ​ကျွန်ုပ်​မ​သွား​လို​ပါ' ဟု​ဆို သော်​လည်း​နောက်​မှ​စိတ်​ပြောင်း​လဲ​သ​ဖြင့် ဥ​ယျာဉ်​သို့​သွား​လေ​၏။-

30. ဖ​ခင်​သည်​သား​ငယ်​ထံ​သို့​သွား​၍​ရှေး​နည်း​တူ ပြော​၏။ သား​ငယ်​က `ဟုတ်​ကဲ့ အ​ဖေ၊ အ​ကျွန်ုပ် သွား​ပါ​မည်' ဟု​ဆို​၏။-

မဿဲ 21