မဿဲ 21:11-19 Common Language Bible (BCL)

11. လူ​ပ​ရိ​သတ်​များ​က ``ဤ​သူ​သည်​ဂါ​လိ​လဲ ပြည်​နာ​ဇ​ရက်​မြို့​သား​ပ​ရော​ဖက်​ယေ​ရှု​ဖြစ် သည်'' ဟု​ဖြေ​ကြား​ကြ​၏။

12. သ​ခင်​ယေ​ရှု​သည်​ဗိ​မာန်​တော်​သို့​ဝင်​တော်​မူ​၍ ဗိ​မာန်​တော်​အ​တွင်း​မှ​ရောင်း​ဝယ်​နေ​သူ​တို့​ကို နှင်​ထုတ်​တော်​မူ​၏။ ငွေ​လဲ​လှယ်​သူ​တို့​၏​စား​ပွဲ များ​နှင့်​ချိုး​ငှက်​ရောင်း​သူ​တို့​၏​ထိုင်​ခုံ​များ​ကို မှောက်​လှန်​ပစ်​တော်​မူ​၏။-

13. ထို​နောက်​ကိုယ်​တော်​က ``ငါ​၏​အိမ်​တော်​ကို​ဆု တောင်း​ပတ္ထ​နာ​ပြု​ရာ​အိမ်​တော်​ဟု​ခေါ်​ဝေါ်​ရ​လတ္တံ့ ဟု​ကျမ်း​စာ​လာ​၏။ သို့​ရာ​တွင်​သင်​တို့​သည်​အိမ် တော်​ကို​ဋ္ဌား​ပြ​ခို​အောင်း​ရာ​ဖြစ်​စေ​ကြ​ပြီ တ​ကား'' ဟု​မိန့်​တော်​မူ​၏။

14. ဗိ​မာန်​တော်​တွင်​မျက်​မ​မြင်​များ​နှင့်​ခြေ​မ​စွမ်း မ​သန်​သူ​များ​သည်​အ​ထံ​တော်​သို့​လာ​ကြ​၏။ ကိုယ်​တော်​သည်​သူ​တို့​၏​ရော​ဂါ​များ​ကို​ပျောက် ကင်း​စေ​တော်​မူ​၏။-

15. ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ များ​သည်​ကိုယ်​တော်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ် အ​မှု​အ​ရာ​များ​ကို​မြင်​၍ ``ဒါ​ဝိဒ်​၏​သား​တော် အား​ချီး​မွမ်း​ထော​မ​နာ​ပြု​ကြ​လော့'' ဟု​ဗိ​မာန် တော်​ထဲ​တွင်​က​လေး​သူ​ငယ်​တို့​ဟစ်​အော်​နေ သည်​ကို​ကြား​ကြ​သော​အ​ခါ​အ​မျက်​ထွက် လျက်၊-

16. ``ဤ​သူ​ငယ်​တို့​အ​ဘယ်​သို့​ကြွေး​ကြော်​နေ​ကြ သည်​ကို​ကြား​ပါ​သ​လော'' ဟု​ကိုယ်​တော်​အား မေး​လျှောက်​ကြ​၏။သ​ခင်​ယေ​ရှု​က ``ငါ​ကြား​၏။ `ကိုယ်​တော်​သည် သူ​ငယ်​များ​နှင့်​မိ​ခင်​ရင်​ခွင်​ရှိ​နို့​စို့​များ​အား ချီး​မွမ်း​စေ​ရန်​သင်​ကြား​ပေး​တော်​မူ​ပြီ' ဟူ သော​ကျမ်း​စ​ကား​ကို​သင်​တို့​အ​ဘယ်​အ​ခါ မျှ​မ​ဖတ်​ဖူး​ကြ​ပါ​သ​လော'' ဟု​မိန့်​တော်​မူ​၏။

17. ထို​နောက်​သ​ခင်​ယေ​ရှု​သည်​မြို့​မှ​ထွက်​ပြီး​လျှင် ဗေ​သ​နိ​ရွာ​သို့​ကြွ​၍​ထို​ည​တည်း​ခို​တော်​မူ​၏။

18. နံ​နက်​စော​စော​မြို့​သို့​ပြန်​လည်​ကြွ​လာ​တော်​မူ​စဉ် ကိုယ်​တော်​သည်​ဆာ​လောင်​မွတ်​သိပ်​တော်​မူ​၏။-

19. လမ်း​အ​နီး​တွင်​သ​င်္ဘော​သ​ဖန်း​ပင်​တစ်​ပင်​ကို မြင်​သ​ဖြင့်​ထို​အ​ပင်​ရှိ​ရာ​သို့​ကြွ​တော်​မူ​၏။ အ​ပင်​ပေါ်​တွင်​အ​ရွက်​များ​ကို​သာ​တွေ့​တော်​မူ လျှင်​ကိုယ်​တော်​သည်​ထို​အ​ပင်​အား ``သင်​သည် နောင်​အ​ဘယ်​အ​ခါ​၌​မျှ​အ​သီး​မ​သီး​စေ​နှင့်'' ဟု​မိန့်​တော်​မူ​၏။ သင်္ဘော​သ​ဖန်း​ပင်​သည်​လည်း ချက်​ချင်း​ပင်​ညှိုး​နွမ်း​ခြောက်​သွေ့​သွား​လေ​၏။

မဿဲ 21