မဿဲ 21:1-3 Common Language Bible (BCL)

1. ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ယေ​ရု​ရှ​လင် မြို့​သို့​ချဉ်း​ကပ်​လာ​သ​ဖြင့် သံ​လွင်​တောင်​အ​နီး ရှိ​ဗက်​ဖာ​ဂေ​ရွာ​သို့​ရောက်​ကြ​၏။ သ​ခင်​ယေ​ရှု သည်​တ​ပည့်​တော်​နှစ်​ယောက်​အား၊-

2. ``သင်​တို့​ရှေ့​တွင်​ရှိ​သော​ရွာ​သို့​သွား​ကြ။ မြည်း က​လေး​တစ်​ကောင်​နှင့်​အ​တူ​ကြိုး​ဖြင့်​လှန်​ထား သော​မြည်း​မ​တစ်​ကောင်​ကို​တွေ့​ရ​လိမ့်​မည်။ ကြိုး ကို​ဖြေ​၍​မြည်း​များ​ကို​ယူ​ခဲ့​ကြ​လော့။-

3. အ​ကယ်​၍​လူ​တစ်​စုံ​တစ်​ယောက်​က​သင်​တို့ အား `အ​ဘယ်​ကြောင့်​ဖြေ​သ​နည်း' ဟု​မေး​ခဲ့ သော် `အ​ရှင်​ဘု​ရား​အ​လို​ရှိ​ပါ​သည်' ဟု ဖြေ​ကြား​ကြ​လော့။ ထို​အ​ခါ​သူ​သည်​မြည်း များ​ကို​ချက်​ချင်း​ယူ​ခွင့်​ပြု​လိမ့်​မည်'' ဟူ​၍ မှာ​ကြား​စေ​လွှတ်​တော်​မူ​၏။

မဿဲ 21