7. ထိုသူတို့က `အကျွန်ုပ်တို့အားမည်သူမျှမငှား သောကြောင့်ဖြစ်ပါသည်' ဟုပြန်ပြောကြ၏။ ထို အခါဥယျာဉ်ရှင်က `သင်တို့လည်းစပျစ်ဥယျာဉ် သို့သွား၍အလုပ်လုပ်ကြ' ဟုဆို၏။''
8. ``ညချမ်းအချိန်ကျသောအခါဥယျာဉ်ရှင်သည် မိမိ၏စီမံခန့်ခွဲရေးမှူးအား `အလုပ်သမားများ ကိုခေါ်လော့။ နောက်ဆုံးအလုပ်ဝင်သူများမှအစပြု ၍ပထမဆုံးအလုပ်ဝင်သူများတိုင်အောင်လုပ် အားခများကိုပေးလော့' ဟုဆို၏။-
9. မန်နေဂျာသည်ညနေငါးနာရီခန့်ကျမှငှားသည့် အလုပ်သမားများအားဒေနာရိဒင်္ဂါးတစ်ပြားစီ ပေး၏။-
10. ပထမဆုံးငှားသည့်အလုပ်သမားများအလှည့် ကျသောအခါ သူတို့သည်အခြားသူများထက် ပို၍ရမည်ဟုထင်မှတ်ကြ၏။-
11. သို့ရာတွင်သူတို့သည်လည်းဒေနာရိဒင်္ဂါးတစ် ပြားစီပင်ရရှိကြသဖြင့်၊-
12. `ဤသူတို့ကားတစ်နာရီမျှသာအလုပ်လုပ်ကြ ရ၏။ အကျွန်ုပ်တို့မှာမူတစ်နေကုန်နေပူကြဲကြဲ တွင်ပင်ပန်းစွာလုပ်ကိုင်ကြရပါ၏။ သို့ပါလျက် အရှင်သည်အကျွန်ုပ်တို့အားထိုသူတို့နှင့်ညီ တူမျှတူလုပ်အားခပေးပါသည်တကား' ဟု အလုပ်ရှင်အားညည်းညူကြ၏။-
13. ဥယျာဉ်ရှင်ကမိမိပထမဆုံးငှားရမ်းသည့်အလုပ် သမားများအနက်တစ်ယောက်အား `အဆွေ၊ ငါ သည်သင့်ကိုမတရားပြုသည်မဟုတ်။ သင်သည် တစ်နေ့လျှင်ဒေနာရိဒင်္ဂါးတစ်ပြားနှင့်အလုပ် လုပ်ရန်သဘောတူခဲ့သည်မဟုတ်ပါလော။-
14. သင်၏လုပ်အားခကိုယူ၍သွားပါလေ။ နောက် ဆုံးငှားသည့်ဤအလုပ်သမားအားသင့်ကိုပေး သကဲ့သို့ငါပေးလို၏။-
15. ငါပိုင်သည့်ငွေကိုငါအလိုရှိသည့်အတိုင်းမသုံး စွဲအပ်ပါသလော။ ငါရက်ရောသောကြောင့်သင် မနာလိုဝန်တိုစိတ်ရှိသလော' ဟုဆို၏'' ဟူ၍ မိန့်တော်မူသည်။
16. ထိုနောက်ကိုယ်တော်က ``သို့ဖြစ်၍အနိမ့်ဆုံးသို့ ရောက်သူများသည်အမြင့်ဆုံးသို့ရောက်ကြလိမ့် မည်'' ဟုမိန့်တော်မူ၏။