29. ကိုယ်တော်နှင့်တပည့်တော်တို့သည် ယေရိခေါ မြို့မှထွက်ခွာလာကြသောအခါ လူပရိသတ် ကြီးသည်နောက်တော်ကလိုက်ကြ၏။-
30. သခင်ယေရှုကြွသွားတော်မူကြောင်းကို လမ်း အနီးတွင်ထိုင်နေသောမျက်မမြင်နှစ်ယောက်တို့ ကြားသိသောအခါ ``အရှင်၊ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်တို့ကိုသနားတော်မူပါ'' ဟုဟစ်အော် ကြ၏။
31. လူပရိသတ်တို့ကသူတို့အားဆိတ်ဆိတ်နေ ရန်ငေါက်ငန်းပြောဆိုကြ၏။ သို့သော်လည်းသူတို့ သည် ``အရှင်၊ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်တို့ကို သနားတော်မူပါ'' ဟုသာ၍ပင်ဟစ်အော်ကြ၏။
32. သခင်ယေရှုသည်ရပ်တန့်တော်မူ၍ထိုသူတို့ ကိုအထံတော်သို့ခေါ်တော်မူပြီးလျှင် ``သင် တို့အတွက်အဘယ်အရာကိုပြုစေလိုသနည်း'' ဟုမေးတော်မူ၏။
33. သူတို့က ``အရှင်၊ အကျွန်ုပ်တို့အားမျက်စိပြန်၍ မြင်စေတော်မူပါ'' ဟုလျှောက်ကြ၏။
34. သခင်ယေရှုသည်သူတို့ကိုသနားတော်မူသဖြင့် သူတို့၏မျက်စိကိုလက်တော်ဖြင့်တို့ထိတော်မူ၏။ သူတို့သည်မျက်စိအလင်းကိုချက်ချင်းပြန်လည် ရရှိ၍နောက်တော်သို့လိုက်ကြ၏။