မဿဲ 20:27-33 Common Language Bible (BCL)

27. အ​ကြီး​မြတ်​ဆုံး​ဖြစ်​လို​သူ​သည်​သင်​တို့​၏​ကျွန် ဖြစ်​ရ​မည်။-

28. လူ​သား​ပင်​လျှင်​သူ​တစ်​ပါး​အား​စေ​စား​ရန် ကြွ​လာ​သည်​မ​ဟုတ်။ သူ​တစ်​ပါး​၏​အ​စေ​ကို ခံ​ရန်​နှင့် မိ​မိ​အ​သက်​ကို​စွန့်​၍​လူ​များ​အား ရွေး​နုတ်​ရန်​ကြွ​လာ​သ​တည်း'' ဟု​မိန့်​တော်​မူ ၏။

29. ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် ယေ​ရိ​ခေါ မြို့​မှ​ထွက်​ခွာ​လာ​ကြ​သော​အ​ခါ လူ​ပ​ရိ​သတ် ကြီး​သည်​နောက်​တော်​က​လိုက်​ကြ​၏။-

30. သ​ခင်​ယေ​ရှု​ကြွ​သွား​တော်​မူ​ကြောင်း​ကို လမ်း အ​နီး​တွင်​ထိုင်​နေ​သော​မျက်​မ​မြင်​နှစ်​ယောက်​တို့ ကြား​သိ​သော​အ​ခါ ``အ​ရှင်၊ ဒါ​ဝိဒ်​၏​သား​တော်၊ အ​ကျွန်ုပ်​တို့​ကို​သ​နား​တော်​မူ​ပါ'' ဟု​ဟစ်​အော် ကြ​၏။

31. လူ​ပ​ရိ​သတ်​တို့​က​သူ​တို့​အား​ဆိတ်​ဆိတ်​နေ ရန်​ငေါက်​ငန်း​ပြော​ဆို​ကြ​၏။ သို့​သော်​လည်း​သူ​တို့ သည် ``အ​ရှင်၊ ဒါ​ဝိဒ်​၏​သား​တော်၊ အ​ကျွန်ုပ်​တို့​ကို သ​နား​တော်​မူ​ပါ'' ဟု​သာ​၍​ပင်​ဟစ်​အော်​ကြ​၏။

32. သ​ခင်​ယေ​ရှု​သည်​ရပ်​တန့်​တော်​မူ​၍​ထို​သူ​တို့ ကို​အ​ထံ​တော်​သို့​ခေါ်​တော်​မူ​ပြီး​လျှင် ``သင် တို့​အ​တွက်​အ​ဘယ်​အ​ရာ​ကို​ပြု​စေ​လို​သ​နည်း'' ဟု​မေး​တော်​မူ​၏။

33. သူ​တို့​က ``အ​ရှင်၊ အ​ကျွန်ုပ်​တို့​အား​မျက်​စိ​ပြန်​၍ မြင်​စေ​တော်​မူ​ပါ'' ဟု​လျှောက်​ကြ​၏။

မဿဲ 20