မဿဲ 20:24-30 Common Language Bible (BCL)

24. ဤ​အ​ကြောင်း​အ​ရာ​ကို​တ​ပည့်​တော်​ဆယ်​ဦး​တို့ ကြား​လျှင် ထို​ညီ​အစ်​ကို​နှစ်​ယောက်​ကို​စိတ်​ဆိုး ကြ​၏။-

25. သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​ကို​အ​ထံ​တော် သို့​ခေါ်​တော်​မူ​လျက် ``မင်း​စိုး​ရာ​ဇာ​တို့​သည်​ပြည် သူ​တို့​အ​ပေါ်​ဝယ် တန်​ခိုး​အာ​ဏာ​ရှိ​ကြောင်း​ကို လည်း​ကောင်း၊ ပြည်​သူ့​ခေါင်း​ဆောင်​များ​သည်​လည်း ပြည်​သူ​တို့​အား အ​စိုး​တ​ရ​ပြု​တတ်​ကြောင်း​ကို လည်း​ကောင်း​သင်​တို့​သိ​ကြ​၏။-

26. သင်​တို့​အ​ချင်း​ချင်း​တွင်​မူ​ကား​ထို​သို့​မ​ဖြစ် သင့်။ သင်​တို့​အ​နက်​အ​ကြီး​အ​ကဲ​ဖြစ်​လို​သူ သည်​သင်​တို့​၏​အ​စေ​ခံ​ဖြစ်​ရ​မည်။-

27. အ​ကြီး​မြတ်​ဆုံး​ဖြစ်​လို​သူ​သည်​သင်​တို့​၏​ကျွန် ဖြစ်​ရ​မည်။-

28. လူ​သား​ပင်​လျှင်​သူ​တစ်​ပါး​အား​စေ​စား​ရန် ကြွ​လာ​သည်​မ​ဟုတ်။ သူ​တစ်​ပါး​၏​အ​စေ​ကို ခံ​ရန်​နှင့် မိ​မိ​အ​သက်​ကို​စွန့်​၍​လူ​များ​အား ရွေး​နုတ်​ရန်​ကြွ​လာ​သ​တည်း'' ဟု​မိန့်​တော်​မူ ၏။

29. ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် ယေ​ရိ​ခေါ မြို့​မှ​ထွက်​ခွာ​လာ​ကြ​သော​အ​ခါ လူ​ပ​ရိ​သတ် ကြီး​သည်​နောက်​တော်​က​လိုက်​ကြ​၏။-

30. သ​ခင်​ယေ​ရှု​ကြွ​သွား​တော်​မူ​ကြောင်း​ကို လမ်း အ​နီး​တွင်​ထိုင်​နေ​သော​မျက်​မ​မြင်​နှစ်​ယောက်​တို့ ကြား​သိ​သော​အ​ခါ ``အ​ရှင်၊ ဒါ​ဝိဒ်​၏​သား​တော်၊ အ​ကျွန်ုပ်​တို့​ကို​သ​နား​တော်​မူ​ပါ'' ဟု​ဟစ်​အော် ကြ​၏။

မဿဲ 20