မဿဲ 20:2-17 Common Language Bible (BCL)

2. အ​လုပ်​သ​မား​တို့​အား​ပေး​နေ​ကျ​နေ့​စား​ခ၊ ဒေ​နာ​ရိ​ဒင်္ဂါး​တစ်​ပြား​နှင့်​ငှား​ရန်​သ​ဘော​တူ သ​ဖြင့်​သူ​တို့​အား​စ​ပျစ်​ဥ​ယျာဉ်​သို့​စေ​လွှတ် လိုက်​၏။-

3. နံ​နက်​ကိုး​နာ​ရီ​ခန့်​၌​သူ​သည်​စျေး​ရပ်​ကွက် သို့​ထွက်​လာ​ရာ​အ​ခြား​သော​သူ​များ​အ​လုပ် မဲ့​ရပ်​နေ​သည်​ကို​တွေ့​၏။-

4. ထို​အ​ခါ​သူ​တို့​အား `သင်​တို့​သည်​စ​ပျစ်​ဥ​ယျာဉ် သို့​သွား​၍​အ​လုပ်​လုပ်​ကြ။ ထိုက်​သင့်​သော​လုပ် အား​ခ​ကို​ငါ​ပေး​မည်' ဟု​ဆို​၏။-

5. ထို​သူ​တို့​သည်​သွား​ကြ​၏။ သူ​သည်​မွန်း​တည့်​ချိန် ၌​လည်း​ကောင်း၊ မွန်း​လွဲ​သုံး​နာ​ရီ​ခန့်​၌​လည်း ကောင်း​ထို​နည်း​တူ​စျေး​ရပ်​ကွက်​သို့​သွား​၍​အ​လုပ် သ​မား​များ​ကို​ငှား​၏။-

6. ည​နေ​ငါး​နာ​ရီ​ခန့်​၌​တစ်​ဖန်​သွား​ပြန်​သော​အ​ခါ အ​ခြား​သော​သူ​တို့​ရပ်​လျက်​နေ​သည်​ကို​တွေ့ သ​ဖြင့်`သင်​တို့​အ​ဘယ်​ကြောင့်​တစ်​နေ့​လုံး​အ​လုပ် မ​လုပ်​ဘဲ​ဤ​နေ​ရာ​တွင်​ရပ်​နေ​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။-

7. ထို​သူ​တို့​က `အ​ကျွန်ုပ်​တို့​အား​မည်​သူ​မျှ​မ​ငှား သော​ကြောင့်​ဖြစ်​ပါ​သည်' ဟု​ပြန်​ပြော​ကြ​၏။ ထို အ​ခါ​ဥ​ယျာဉ်​ရှင်​က `သင်​တို့​လည်း​စ​ပျစ်​ဥ​ယျာဉ် သို့​သွား​၍​အ​လုပ်​လုပ်​ကြ' ဟု​ဆို​၏။''

8. ``ည​ချမ်း​အ​ချိန်​ကျ​သော​အ​ခါ​ဥ​ယျာဉ်​ရှင်​သည် မိ​မိ​၏​စီ​မံ​ခန့်​ခွဲ​ရေး​မှူး​အား `အ​လုပ်​သ​မား​များ ကို​ခေါ်​လော့။ နောက်​ဆုံး​အ​လုပ်​ဝင်​သူ​များ​မှ​အ​စ​ပြု ၍​ပ​ထ​မ​ဆုံး​အ​လုပ်​ဝင်​သူ​များ​တိုင်​အောင်​လုပ် အား​ခ​များ​ကို​ပေး​လော့' ဟု​ဆို​၏။-

9. မန်​နေ​ဂျာ​သည်​ည​နေ​ငါး​နာ​ရီ​ခန့်​ကျ​မှ​ငှား​သည့် အ​လုပ်​သ​မား​များ​အား​ဒေ​နာ​ရိ​ဒင်္ဂါး​တစ်​ပြား​စီ ပေး​၏။-

10. ပ​ထ​မ​ဆုံး​ငှား​သည့်​အ​လုပ်​သ​မား​များ​အ​လှည့် ကျ​သော​အ​ခါ သူ​တို့​သည်​အ​ခြား​သူ​များ​ထက် ပို​၍​ရ​မည်​ဟု​ထင်​မှတ်​ကြ​၏။-

11. သို့​ရာ​တွင်​သူ​တို့​သည်​လည်း​ဒေ​နာ​ရိ​ဒင်္ဂါး​တစ် ပြား​စီ​ပင်​ရ​ရှိ​ကြ​သ​ဖြင့်၊-

12. `ဤ​သူ​တို့​ကား​တစ်​နာ​ရီ​မျှ​သာ​အ​လုပ်​လုပ်​ကြ ရ​၏။ အ​ကျွန်ုပ်​တို့​မှာ​မူ​တစ်​နေ​ကုန်​နေ​ပူ​ကြဲ​ကြဲ တွင်​ပင်​ပန်း​စွာ​လုပ်​ကိုင်​ကြ​ရ​ပါ​၏။ သို့​ပါ​လျက် အ​ရှင်​သည်​အ​ကျွန်ုပ်​တို့​အား​ထို​သူ​တို့​နှင့်​ညီ တူ​မျှ​တူ​လုပ်​အား​ခ​ပေး​ပါ​သည်​တ​ကား' ဟု အ​လုပ်​ရှင်​အား​ညည်း​ညူ​ကြ​၏။-

13. ဥ​ယျာဉ်​ရှင်​က​မိ​မိ​ပထမ​ဆုံး​ငှား​ရမ်း​သည့်​အ​လုပ် သ​မား​များ​အ​နက်​တစ်​ယောက်​အား `အ​ဆွေ၊ ငါ သည်​သင့်​ကို​မ​တ​ရား​ပြု​သည်​မ​ဟုတ်။ သင်​သည် တစ်​နေ့​လျှင်​ဒေ​နာ​ရိ​ဒင်္ဂါး​တစ်​ပြား​နှင့်​အ​လုပ် လုပ်​ရန်​သ​ဘော​တူ​ခဲ့​သည်​မ​ဟုတ်​ပါ​လော။-

14. သင်​၏​လုပ်​အား​ခ​ကို​ယူ​၍​သွား​ပါ​လေ။ နောက် ဆုံး​ငှား​သည့်​ဤ​အ​လုပ်​သ​မား​အား​သင့်​ကို​ပေး သ​ကဲ့​သို့​ငါ​ပေး​လို​၏။-

15. ငါ​ပိုင်​သည့်​ငွေ​ကို​ငါ​အ​လို​ရှိ​သည့်​အ​တိုင်း​မ​သုံး စွဲ​အပ်​ပါ​သ​လော။ ငါ​ရက်​ရော​သော​ကြောင့်​သင် မ​နာ​လို​ဝန်​တို​စိတ်​ရှိ​သ​လော' ဟု​ဆို​၏'' ဟူ​၍ မိန့်​တော်​မူ​သည်။

16. ထို​နောက်​ကိုယ်​တော်​က ``သို့​ဖြစ်​၍​အ​နိမ့်​ဆုံး​သို့ ရောက်​သူ​များ​သည်​အ​မြင့်​ဆုံး​သို့​ရောက်​ကြ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။

17. သ​ခင်​ယေ​ရှု​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ကြွ​တော် မူ​စဉ်​တ​ပည့်​တော်​တစ်​ကျိပ်​နှစ်​ပါး​တို့​ကို​မ​လှမ်း မ​ကမ်း​သို့​သီး​ခြား​ခေါ်​တော်​မူ​ပြီး​လျှင်၊-

မဿဲ 20