မဿဲ 20:1-5 Common Language Bible (BCL)

1. ``ကောင်း​ကင်​နိုင်​ငံ​တော်​သည်​စ​ပျစ်​ဥ​ယျာဉ်​ပိုင် ရှင်​တစ်​ဦး​ကြုံ​တွေ့​ရ​သည့်​အ​ဖြစ်​အ​ပျက်​နှင့် တူ​၏။ သူ​သည်​အ​လုပ်​သ​မား​များ​ငှား​ရန်​နံ​နက် စော​စော​ထွက်​သွား​၏။-

2. အ​လုပ်​သ​မား​တို့​အား​ပေး​နေ​ကျ​နေ့​စား​ခ၊ ဒေ​နာ​ရိ​ဒင်္ဂါး​တစ်​ပြား​နှင့်​ငှား​ရန်​သ​ဘော​တူ သ​ဖြင့်​သူ​တို့​အား​စ​ပျစ်​ဥ​ယျာဉ်​သို့​စေ​လွှတ် လိုက်​၏။-

3. နံ​နက်​ကိုး​နာ​ရီ​ခန့်​၌​သူ​သည်​စျေး​ရပ်​ကွက် သို့​ထွက်​လာ​ရာ​အ​ခြား​သော​သူ​များ​အ​လုပ် မဲ့​ရပ်​နေ​သည်​ကို​တွေ့​၏။-

4. ထို​အ​ခါ​သူ​တို့​အား `သင်​တို့​သည်​စ​ပျစ်​ဥ​ယျာဉ် သို့​သွား​၍​အ​လုပ်​လုပ်​ကြ။ ထိုက်​သင့်​သော​လုပ် အား​ခ​ကို​ငါ​ပေး​မည်' ဟု​ဆို​၏။-

5. ထို​သူ​တို့​သည်​သွား​ကြ​၏။ သူ​သည်​မွန်း​တည့်​ချိန် ၌​လည်း​ကောင်း၊ မွန်း​လွဲ​သုံး​နာ​ရီ​ခန့်​၌​လည်း ကောင်း​ထို​နည်း​တူ​စျေး​ရပ်​ကွက်​သို့​သွား​၍​အ​လုပ် သ​မား​များ​ကို​ငှား​၏။-

မဿဲ 20