1. ``ကောင်းကင်နိုင်ငံတော်သည်စပျစ်ဥယျာဉ်ပိုင် ရှင်တစ်ဦးကြုံတွေ့ရသည့်အဖြစ်အပျက်နှင့် တူ၏။ သူသည်အလုပ်သမားများငှားရန်နံနက် စောစောထွက်သွား၏။-
2. အလုပ်သမားတို့အားပေးနေကျနေ့စားခ၊ ဒေနာရိဒင်္ဂါးတစ်ပြားနှင့်ငှားရန်သဘောတူ သဖြင့်သူတို့အားစပျစ်ဥယျာဉ်သို့စေလွှတ် လိုက်၏။-
3. နံနက်ကိုးနာရီခန့်၌သူသည်စျေးရပ်ကွက် သို့ထွက်လာရာအခြားသောသူများအလုပ် မဲ့ရပ်နေသည်ကိုတွေ့၏။-
4. ထိုအခါသူတို့အား `သင်တို့သည်စပျစ်ဥယျာဉ် သို့သွား၍အလုပ်လုပ်ကြ။ ထိုက်သင့်သောလုပ် အားခကိုငါပေးမည်' ဟုဆို၏။-
5. ထိုသူတို့သည်သွားကြ၏။ သူသည်မွန်းတည့်ချိန် ၌လည်းကောင်း၊ မွန်းလွဲသုံးနာရီခန့်၌လည်း ကောင်းထိုနည်းတူစျေးရပ်ကွက်သို့သွား၍အလုပ် သမားများကိုငှား၏။-
6. ညနေငါးနာရီခန့်၌တစ်ဖန်သွားပြန်သောအခါ အခြားသောသူတို့ရပ်လျက်နေသည်ကိုတွေ့ သဖြင့်`သင်တို့အဘယ်ကြောင့်တစ်နေ့လုံးအလုပ် မလုပ်ဘဲဤနေရာတွင်ရပ်နေကြပါသနည်း'' ဟုမေး၏။-
7. ထိုသူတို့က `အကျွန်ုပ်တို့အားမည်သူမျှမငှား သောကြောင့်ဖြစ်ပါသည်' ဟုပြန်ပြောကြ၏။ ထို အခါဥယျာဉ်ရှင်က `သင်တို့လည်းစပျစ်ဥယျာဉ် သို့သွား၍အလုပ်လုပ်ကြ' ဟုဆို၏။''
8. ``ညချမ်းအချိန်ကျသောအခါဥယျာဉ်ရှင်သည် မိမိ၏စီမံခန့်ခွဲရေးမှူးအား `အလုပ်သမားများ ကိုခေါ်လော့။ နောက်ဆုံးအလုပ်ဝင်သူများမှအစပြု ၍ပထမဆုံးအလုပ်ဝင်သူများတိုင်အောင်လုပ် အားခများကိုပေးလော့' ဟုဆို၏။-
9. မန်နေဂျာသည်ညနေငါးနာရီခန့်ကျမှငှားသည့် အလုပ်သမားများအားဒေနာရိဒင်္ဂါးတစ်ပြားစီ ပေး၏။-
10. ပထမဆုံးငှားသည့်အလုပ်သမားများအလှည့် ကျသောအခါ သူတို့သည်အခြားသူများထက် ပို၍ရမည်ဟုထင်မှတ်ကြ၏။-