19. ဟေရုဒ်မင်းကွယ်လွန်ပြီးနောက်အီဂျစ်ပြည်တွင် ယောသပ်သည်ထာဝရဘုရား၏ကောင်းကင် တမန်တစ်ပါးကိုအိပ်မက်မြင်မက်၏။-
20. ကောင်းကင်တမန်က ``သင်သည်ထ၍သူငယ်တော် နှင့်မယ်တော်ကိုခေါ်ဆောင်ကာဣသရေလပြည်သို့ ပြန်သွားလော့။ သူငယ်တော်ကိုသတ်လိုသူတို့သည် သေလွန်ကြလေပြီ'' ဟုဆို၏။-
21. ယောသပ်သည်ထ၍သူငယ်တော်နှင့်မယ်တော်ကို ဆောင်ယူကာ ဣသရေလပြည်သို့ပြန်သွားလေ၏။
22. ယုဒပြည်တွင်အာခေလသည်ခမည်းတော်ဟေရုဒ် မင်း၏အရိုက်အရာကိုဆက်ခံစိုးစံလျက်နေ၏။ ထိုအကြောင်းကိုကြားသောအခါယောသပ်သည် ထိုပြည်သို့မသွားဝံ့တော့ချေ။ သူသည်အိပ်မက် တွင်ထာဝရဘုရား၏အမိန့်တော်ကိုခံယူရ သည့်အတိုင်းဂါလိလဲပြည်သို့သွား၍၊-
23. နာဇရက်နာမည်တွင်သောမြို့တွင်နေထိုင်လေ၏။ သို့ဖြစ်၍ ``ကိုယ်တော်အားနာဇရက်မြို့သားဟု ခေါ်ဝေါ်ကြလတ္တံ့'' ဟူသောပရောဖက်များ၏ ဟောကြားချက်မှန်ကန်၍လာသတည်း။