1. ဟေရုဒ်မင်း၏လက်ထက်၊ ယုဒပြည်ဗက်လင်မြို့ တွင် မယ်တော်မာရိသည်သူငယ်တော်ယေရှုကို ဖွားမြင်လေသည်။ ထိုအခါအရှေ့တိုင်းနိုင်ငံ မှပညာရှိတို့သည် ယေရုရှလင်မြို့သို့ရောက် လာပြီးလျှင်၊-
2. ``ယခုဖွားမြင်သောယုဒရှင်ဘုရင်သည် အဘယ်မှာရှိသနည်း။ အရှေ့တိုင်းနိုင်ငံတွင် ထိုအရှင်၏ကြယ်ပေါ်ထွန်းသည်ကိုမြင်သဖြင့် ထိုအရှင်အားဖူးမြော်ပူဇော်အံ့သောငှာ ငါ တို့ရောက်လာကြပါသည်'' ဟုစုံစမ်းမေးမြန်း ကြ၏။-
3. ထိုအကြောင်းကိုကြားလျှင်ဟေရုဒ်မင်းနှင့်တကွ ယေရုရှလင်မြို့သူမြို့သားအပေါင်းတို့သည် တုန်လှုပ်ချောက်ချား၍သွားကြကုန်၏။-
4. ဟေရုဒ်မင်းသည်ယဇ်ပုရောဟိတ်ကြီးများနှင့် ကျမ်းတတ်ဆရာများကိုစုဝေးစေလျက် ``မေရှိယ သည်အဘယ်အရပ်တွင်ဖွားမြင်လိမ့်မည်နည်း'' ဟုမေး၏။-
5. ထိုသူတို့က ``ယုဒပြည်ဗက်လင်မြို့တွင်ဖွားမြင် ပါလိမ့်မည်။ ကျမ်းစာတော်တွင်ပရောဖက်တစ်ဦး က၊
6. `အို ယုဒပြည်ဗက်လင်မြို့၊သင်သည်ယုဒပြည်ရှိ မြို့များအနက်သိမ်ငယ်လှသောမြို့မဟုတ်။ငါ၏လူမျိုးတော်ဣသရေလအမျိုးသားတို့အားရှေ့ဆောင်လမ်းပြမည့်ခေါင်းဆောင်တစ်ဦးသည် သင်၏အထဲမှပေါ်ထွန်းလိမ့်မည်'ဟုဟောကြားထားပါသည်'' ဟူ၍လျှောက်ထား ကြ၏။
7. ထိုအခါဟေရုဒ်မင်းသည်ပညာရှိတို့ကိုလျှို့ ဝှက်စွာခေါ်၍ ကြယ်ပေါ်ထွန်းရာအချိန်ကာလ ကိုသေချာစွာစုံစမ်းမေးမြန်းတော်မူ၏။-
8. ထိုနောက်မင်းကြီးသည်ထိုသူတို့အား ``သင်တို့ သွား၍သူငယ်ကိုတွေ့အောင်ရှာကြပါ။ တွေ့သော အခါငါလည်းသူ့ကိုဖူးမြော်ပူဇော်နိုင်ရန် ငါ့ ထံလာ၍အကြောင်းကြားကြပါ'' ဟုမိန့်မှာ လျက်ဗက်လင်မြို့သို့စေလွှတ်တော်မူ၏။
11. သူတို့သည်အိမ်ထဲသို့ဝင်ကြရာသူငယ်တော် အား မယ်တော်နှင့်အတူတွေ့မြင်ကြ၏။ ထိုအခါ သူတို့သည်မြေပေါ်မှာပျပ်ဝပ်ရှိခိုးပြီးလျှင် ဘဏ္ဍာ ကြုတ်များကိုဖွင့်၍ရွှေ၊ လောဗန်နှင့်မုရန်တို့ကို ပူဇော်ဆက်သကြ၏။