မဿဲ 19:28-30 Common Language Bible (BCL)

28. သ​ခင်​ယေ​ရှု​က ``ငါ​အ​မှန်​အ​ကန်​ဆို​သည် ကား​အ​သစ်​ပြု​ပြင်​ရာ​ကာ​လ​တွင်​လူ​သား​သည် ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သည့်​ပလ္လင်​တော်​မှာ ထိုင်​တော်​မူ​သော​အ​ခါ ငါ​၏​တ​ပည့်​ဖြစ်​သူ သင်​တို့​သည်​လည်း​ပလ္လင်​တစ်​ဆယ့်​နှစ်​ခု​ပေါ်​မှာ ထိုင်​၍ ဣ​သ​ရေ​လ​အ​နွယ်​တစ်​ဆယ့်​နှစ်​ပါး​ကို တ​ရား​စီ​ရင်​ရ​ကြ​လတ္တံ့။-

29. ထို​မှ​တစ်​ပါး​ငါ့​အ​တွက်​ကြောင့်​အိမ်၊ မြေ၊ ညီ အစ်​ကို၊ နှ​မ၊ အစ်​မ၊ မိ​ဘ၊ သား​သ​မီး​အ​နက် တစ်​စုံ​တစ်​ယောက်​ကို​စွန့်​သော​သူ​သည်​မိ​မိ​စွန့် သည်​ထက်​အ​ဆ​တစ်​ရာ​မျှ​အ​ကျိုး​ကို​ပြန် လည်​ရ​ရှိ​လိမ့်​မည်။ ထာ​ဝ​ရ​အ​သက်​ကို​လည်း ရ​လိမ့်​မည်။-

30. သို့​ရာ​တွင်​အ​မြင့်​ဆုံး​သို့​ရောက်​နေ​သူ​အ​များ သည်​အ​နိမ့်​ဆုံး​သို့​ရောက်​ကြ​လိမ့်​မည်။ အ​နိမ့် ဆုံး​သို့​ရောက်​နေ​သူ​အ​များ​သည်​အ​မြင့်​ဆုံး သို့​ရောက်​ကြ​လိမ့်​မည်။

မဿဲ 19