18. ထိုသူက ``အဘယ်ပညတ်များပါနည်း'' ဟုလျှောက် လျှင်ကိုယ်တော်က ``လူ့အသက်ကိုမသတ်နှင့်။ သူ့အိမ် ရာကိုမပြစ်မှားနှင့်။ သူ့ဥစ္စာကိုမခိုးနှင့်။ မမှန်သော သက်သေကိုမခံနှင့်။-
19. မိဘကိုရိုသေမြတ်နိုးလော့။ အိမ်နီးချင်းကို ကိုယ်နှင့်အမျှချစ်လော့'' ဟုမိန့်တော်မူ၏။
20. ထိုလူငယ်ကလည်း ``အကျွန်ုပ်သည်ထိုပညတ် အပေါင်းကိုငယ်ရွယ်စဉ်အခါမှစ၍စောင့်ထိန်း ခဲ့ပါပြီ။ အကျွန်ုပ်တွင်အဘယ်အရာလိုနေပါ သေးသနည်း'' ဟုပြန်လည်လျှောက်ထား၏။
21. သခင်ယေရှုက ``သင်သည်အပြစ်ဆိုဖွယ်မရှိသူ ဖြစ်လိုလျှင်သွားလော့၊ သင့်ဥစ္စာရှိသမျှကိုရောင်းပြီး လျှင်ဆင်းရဲသူတို့အားပေးကမ်းစွန့်ကြဲလော့။ ဤ သို့ပြုလျှင်သင်သည်ကောင်းကင်ဘုံတွင်ဘဏ္ဍာကိုရ လိမ့်မည်။ ထိုသို့စွန့်ကြဲပြီးမှငါ့နောက်သို့လိုက် လော့'' ဟုမိန့်တော်မူ၏။
22. သို့ရာတွင်ထိုလူငယ်သည်ဥစ္စာများစွာကြွယ်ဝသူ ဖြစ်သဖြင့်ကိုယ်တော်၏စကားကိုကြားသောအခါ စိတ်မချမ်းမသာဖြစ်လျက်ထွက်ခွာသွားလေ၏။
23. သခင်ယေရှုကလည်း ``အမှန်အကန်ငါဆိုသည်ကား၊ ဥစ္စာကြွယ်ဝသူသည်ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်နိုင်ရန်ခဲယဉ်းလှ၏။-
24. တစ်ဖန်ငါဆိုသည်ကား၊ အပ်နဖားကိုကုလားအုတ် လျှိုဝင်ရန်လွယ်လိမ့်မည်။ ဘုရားသခင်၏နိုင်ငံတော် သို့ဥစ္စာကြွယ်ဝသူဝင်နိုင်ရန်ကားခဲယဉ်းလှ၏'' ဟု တပည့်တော်တို့အားမိန့်တော်မူ၏။
25. တပည့်တော်တို့သည်ကိုယ်တော်၏စကားကိုကြား လျှင်လွန်စွာအံ့သြကြသဖြင့် ``သို့ဖြစ်လျှင် အဘယ်သူသည်ကယ်တင်ခြင်းကိုရနိုင်ပါမည် နည်း'' ဟုမေးလျှောက်ကြ၏။