1. သခင်ယေရှုသည်ဤသို့မိန့်တော်မူပြီးသော အခါဂါလိလဲပြည်မှထွက်ခွာတော်မူ၍ ယော်ဒန် မြစ်တစ်ဖက်ကမ်းယုဒပြည်သို့ရောက်တော်မူ၏။-
2. လူပရိသတ်ကြီးသည်နောက်တော်သို့လိုက်ကြ၏။ ထိုအရပ်တွင်ကိုယ်တော်သည်သူနာများကို ကျန်းမာစေတော်မူ၏။
3. ဖာရိရှဲအချို့တို့သည်အထံတော်သို့လာ၍ ``လူ တစ်စုံတစ်ယောက်သည်မည်သည့်အကြောင်းကြောင့် မဆို မိမိ၏မယားနှင့်ကွာရှင်းအပ်ပါသလော'' ဟုပရိယာယ်ဆင်၍မေးလျှောက်ကြ၏။
4. ကိုယ်တော်က ``ဖန်ဆင်းတော်မူသောအရှင်သည် အစအဦးကပင်လျှင်ယောကျာ်းနှင့်မိန်းမကို ဖန်ဆင်းတော်မူ၏။ ဟူသောကျမ်းစကားကို သင်တို့မဖတ်ဖူးကြပါသလော။-
5. `ဘုရားသခင်ကဤအကြောင်းကြောင့်ယောကျာ်း သည် ကိုယ့်မိဘကိုစွန့်၍မိမိဇနီးနှင့်ပေါင်းသင်း နေထိုင်ရလိမ့်မည်။ ထိုသူနှစ်ဦးသည်တစ်သား တည်းဖြစ်ရကြလိမ့်မည်။-