4. အဘယ်ကြောင့်ဆိုသော်ယောဟန်က ``သင်သည် ညီဖြစ်သူ၏ဇနီးကိုမသိမ်းမယူအပ်'' ဟု ဆိုခဲ့သောကြောင့်ဖြစ်၏။-
5. ဟေရုဒ်သည်ယောဟန်ကိုသတ်လိုသော်လည်း ယုဒအမျိုးသားတို့ကိုကြောက်သဖြင့်မသတ် ရဲချေ။ အဘယ်ကြောင့်ဆိုသော်သူတို့သည်ယောဟန် ကိုပရောဖက်တစ်ပါးဟုမှတ်ယူနေကြသော ကြောင့်ဖြစ်၏။
6. ဟေရုဒ်၏မွေးနေ့၌ဟေရောဒိ၏သမီးသည် ဧည့်သည်တော်များအားအကနှင့်ဖျော်ဖြေ လျက်ဟေရုဒ်၏စိတ်ကိုများစွာရွှင်လန်းစေ၏။-
7. သို့ဖြစ်၍ဟေရုဒ်သည်သူငယ်မနှစ်သက်ရာ ဆုကိုပေးမည်ဟုကျိန်ဆို၍ကတိပြု၏။
8. သူငယ်မသည်လည်းမိခင်၏တိုက်တွန်းချက် အရ ``ဗတ္တိဇံဆရာယောဟန်၏ဦးခေါင်းကို လင်ပန်းပေါ်တွင်တင်၍အကျွန်ုပ်အားဤနေရာ တွင်ပင်ပေးတော်မူပါ'' ဟုတောင်းလျှောက်၏။