1. ထိုကာလ၌ဂါလိလဲပြည်ကိုအုပ်စိုးသူ ဟေရုဒ်သည်သခင်ယေရှု၏သတင်းကို ကြားလျှင်၊-
2. ``ဤသူသည်ဗတ္တိဇံဆရာယောဟန်ပင်တည်း။ သူသည်သေရာမှအသက်ပြန်ရှင်လေပြီ။ သို့ ဖြစ်၍အံ့ဖွယ်နိမိတ်လက္ခဏာများကိုပြုလျက် ရှိ၏'' ဟုမိမိအမှုထမ်းအရာထမ်းတို့အား မိန့်တော်မူ၏။
3. ဟေရုဒ်သည်ညီဖြစ်သူဖိလိပ္ပု၏ဇနီးဟေရောဒိ နှင့်ပတ်သက်၍ယောဟန်ကိုဖမ်းဆီးချုပ်နှောင် ကာထောင်တွင်အကျဉ်းထားခဲ့၏။-
4. အဘယ်ကြောင့်ဆိုသော်ယောဟန်က ``သင်သည် ညီဖြစ်သူ၏ဇနီးကိုမသိမ်းမယူအပ်'' ဟု ဆိုခဲ့သောကြောင့်ဖြစ်၏။-