မဿဲ 13:5-12 Common Language Bible (BCL)

5. အ​ချို့​မျိုး​စေ့​တို့​သည်​မြေ​ဆီ​လွှာ​ပါး​သည့် ကျောက်​ခံ​မြေ​ပေါ်​တွင်​ကျ​၏။ မြေ​သား​တိမ် သ​ဖြင့်​အ​ပင်​များ​လျင်​မြန်​စွာ​ပေါက်​သော် လည်း၊-

6. နေ​ထွက်​သော​အ​ခါ​နေ​ပူ​လောင်​၍​အ​မြစ်​မ​စွဲ သည့်​အ​တွက်​ညှိုး​နွမ်း​၍​သွား​ကြ​၏။-

7. အ​ချို့​မျိုး​စေ့​တို့​သည်​ဆူး​တော​တွင်​ကျ​၏။ ဆူး​ပင် များ​ကြီး​ထွား​လာ​ပြီး​နောက်​အ​ပင်​ငယ်​တို့​ကို လွှမ်း​မိုး​ကာ​သေ​စေ​ကြ​၏။-

8. အ​ချို့​မျိုး​စေ့​တို့​ကား​မြေ​ကောင်း​မြေ​သန့်​တွင် ကျ​၏။ အ​ပင်​များ​ပေါက်​၍​အ​ဆ​တစ်​ရာ၊ အ​ဆ ခြောက်​ဆယ်၊ အ​ဆ​သုံး​ဆယ်​သီး​နှံ​များ​ကို​ဆောင် ကုန်​၏။

9. ကြား​တတ်​သော​နား​ရှိ​သူ​တို့​ကြား​ကြ​လော့'' ဟု မိန့်​တော်​မူ​၏။

10. တ​ပည့်​တော်​တို့​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ် ၍ ``အ​ရှင်​သည်​အ​ဘယ်​ကြောင့်​လူ​တို့​အား​ပုံ ဥ​ပ​မာ​ဖြင့်​သာ​လျှင်​မိန့်​တော်​မူ​ပါ​သ​နည်း'' ဟု မေး​လျှောက်​ကြ​၏။

11. ကိုယ်​တော်​က ``သင်​တို့​သည်​ကောင်း​ကင်​နိုင်​ငံ​တော် နှင့်​ဆိုင်​သော​နက်​နဲ​သည့်​အ​ကြောင်း​အ​ရာ​များ ကို​နား​လည်​ခွင့်​ရ​ကြ​၏။ အ​ခြား​သူ​များ​မူ ကား​ထို​အ​ခွင့်​ကို​မ​ရ​ကြ။-

12. ဘု​ရား​သ​ခင်​သည်​ရှိ​သူ​အား​ပို​လျှံ​သည့်​တိုင်​အောင် ထပ်​လောင်း​၍​ပေး​တော်​မူ​၍​မ​ရှိ​သူ​ထံ​မှ​ရှိ​သ​မျှ ကို​ပင်​ရုပ်​သိမ်း​တော်​မူ​လိမ့်​မည်။-

မဿဲ 13