48. ပိုက်ကွန်တွင်ငါးအပြည့်ရသောအခါတံငါသည် တို့သည်ထိုပိုက်ကွန်ကိုကုန်းပေါ်သို့ဆွဲ၍တင်ကြ၏။ ထိုနောက်ထိုင်၍ငါးများကိုရွေးကြ၏။ ငါးကောင်း များကိုအိုးများတွင်ထည့်ထားပြီးနောက်ငါးညံ့ များကိုမူအပြင်သို့ပစ်ထုတ်လိုက်ကြ၏။-
49. ကပ်ကမ္ဘာကုန်ဆုံးချိန်၌လည်းထိုနည်းတူဖြစ်ပေ အံ့။ ကောင်းကင်တမန်များသည်လာ၍သူယုတ်မာ များကိုသူတော်ကောင်းများထဲမှခွဲထုတ်ပြီးလျှင်၊-
50. တောက်လောင်သောမီးဖိုထဲသို့ပစ်ချလိမ့်မည်။ ထို သူတို့သည်ငိုကြွေးမြည်တမ်း၍အံသွားခဲကြိတ် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
51. သခင်ယေရှုက ``ဤအကြောင်းအရာအလုံးစုံ တို့ကိုသင်တို့နားလည်ကြပါ၏လော'' ဟုမေး တော်မူလျှင်တပည့်တော်တို့က``နားလည်ပါ သည်'' ဟုဖြေကြားကြ၏။
52. သို့ဖြစ်၍ကိုယ်တော်က ``ကောင်းကင်နိုင်ငံတော်တွင် တပည့်ဖြစ်လာသူကျမ်းတတ်ဆရာသည်မိမိ၏ ဘဏ္ဍာတိုက်ထဲမှဥစ္စာပစ္စည်းအသစ်နှင့်အဟောင်းများ ကိုထုတ်ယူသောအိမ်ရှင်နှင့်တူ၏'' ဟုမိန့်တော်မူ၏။
53. ထိုပုံဥပမာများကိုမိန့်ကြားတော်မူပြီးနောက် သခင်ယေရှုသည်ထိုအရပ်မှထွက်ကြွ၍၊-
54. မိမိနေရင်းမြို့သို့ရောက်ရှိတော်မူ၏။ တရားဇရပ် တွင်ဟောပြောသွန်သင်တော်မူသောအခါ လူတို့သည် လွန်စွာအံ့သြကြသဖြင့် ``ဤသူသည်ဤသို့သော အသိပညာများကိုအဘယ်ကရရှိပါသနည်း။ ဤသို့သောအံ့ဖွယ်နိမိတ်လက္ခဏာများကိုအဘယ် သို့ပြနိုင်ပါသနည်း။-
55. သူသည်လက်သမားဆရာ၏သားမဟုတ်လော။ သူ့ အမိသည်မာရိနာမည်ရှိသူမဟုတ်ပါလော။ သူ့ ညီများကားယာကုပ်၊ ယောသပ်၊ ရှိမုန်နှင့်ယုဒတို့ မဟုတ်ပါလော။-
56. သူ့နှမများသည်လည်းငါတို့မြို့သူများမဟုတ်ပါ လော။ သို့ဖြစ်ပါလျက်သူသည်ဤတန်ခိုးကိုအဘယ် ကရရှိပါသနည်း'' ဟုဆိုကာ၊-
57. ကိုယ်တော်၏အပေါ်၌အကြည်ညိုပျက်ကြ၏။သခင်ယေရှုကလည်း ``ပရောဖက်သည်မိမိမြို့ နှင့်မိမိအိမ်မှလွဲ၍အဘယ်အရပ်တွင်မဆို ဂုဏ်အသရေရှိ၏'' ဟုမိန့်တော်မူသည်။-
58. ထိုမြို့သားတို့သည်မိမိအားယုံကြည်ကိုးစား မှုမရှိကြသဖြင့် ကိုယ်တော်သည်အံ့သြဖွယ် သောအမှုတို့ကိုထိုမြို့တွင်ပြုတော်မမူ။